MELBET
အဖွဲ့ ဝင်ပါ။ Telegram HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Movie plot

White Bird: ဒီဇာတ်ကားကတော့ မင်းသမီးကြီး Helen Mirrenပါဝင်ထားပြီး IMDb 7.3/10 ရရှိထားတဲ့ Dramaကားကောင်းတစ်ကားပါ။ ဇာတ်အိမ်က ယနေ့ခေတ်မှာတည်ထားပေမယ့် အဓိကကတော့ ပြင်သစ်ကို နာဇီတွေမင်းမူနေပြီး သိမ်းပိုက်ထားတဲ့အချိန်မှာ ဂျူးလူမျိုးကောင်မလေးတစ်ယောက်ရဲ့ အကြောင်းကို ဇာတ်ကြောင်းပြန်ပြောပြတဲ့အနေနဲ့ ရိုက်ကူးထားတာပါ။ဇာတ်လမ်းအညွှန်းကိုပြောရရင်တော့ ယနေ့ခေတ်မှာ ဂျူလီယန်ဟာ အရင်ကျောင်းအဟောင်းကနေအထုတ်ခံခဲ့ရပြီး ကျောင်းအသစ်ကိုရောက်ခဲ့ပေမယ့် အရင်ကျောင်းကအတိတ်တွေကြောင့် သူ့စိတ်ထဲမှာ အမြဲတမ်း တစ်ခုခုဆိုရင်သေချာမဆုံးဖြတ်နိုင်ပဲ လမ်းပျောက်နေခဲ့တာပါ။ ဒါ့ကြောင့်ပဲ သူ့ရဲ့အဖွားဟာ ဂျူလီယန်ရဲ့ဘဝကိုပြောင်းလဲစေနိုင်ဖို့ သူမရဲ့ငယ်ဘဝအကြောင်းကိုပြောပြခဲ့ပါတယ်။ သူမရဲ့ငယ်ဘဝကတော့ ဂျာမန်တွေအပိုင်သိမ်းထားတဲ့ပြင်သစ်မှာ သူမဟာ ဂျူးလူမျိုးတစ်ယောက်ဖြစ်နေခဲ့တာကြောင့်ထွက်ပြေးရင်းနဲ့ ကောင်လေးတစ်ယောက်က သူမကိုကယ်ခဲ့ပါတယ်။
အဲဒီကနေ သူတို့က အချစ်ဦးတွေဖြစ်ခဲ့ကြတာတွေ၊ စပါးကျီထဲမှာပုန်းနေရတဲ့သူမအတွက် စိတ်ကူးယဉ်ကမ္ဘာကိုဖန်တီးကြတာတွေ၊ ဂျာမန်တွေကိုပုန်းရှောင်ခဲ့ရတာတွေနဲ့ ကောင်လေးရဲ့မိဘတွေဟာ သွေးမတော်သားမစပ်ပေမယ့် သူမကိုအတတ်နိုင်ဆုံးစောင့်ရှောက်ခဲ့တာတွေကို ပုံပြင်ရှည်ကြီးတစ်ခုလို ပြောပြသွားတာကြောင့် မိတ်ဆွေတို့လဲ လိုက်ပါစီးမြောမိမှာပါ။ ဒီတော့ ဒုတိယကမ္ဘာစစ်ထဲက ဇာတ်လမ်းလေးတစ်ပုဒ်ကို အခုပဲကြည့်ရှုခံစားလိုက်ကြတာပေါ့။

In R. J. Palacio’s bestselling collection of stories Auggie and Me, which expands on characters in Wonder, readers were introduced to Julian’s grandmother, Grandmère. Here, Palacio makes her graphic novel debut with Grandmère’s heartrending story: how she, a young Jewish girl, was hidden by a family in a Nazi-occupied French village during World War II; how the boy she and her classmates once shunned became her savior and best friend.

Show more...