A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Movie plot

The Babadook : IMDB – 6.8/10ဒီကားလေးက ၂၀၁၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ Psychological horror/Mystery
အမျိုးအစား ဇာတ်လမ်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။
Horror ကားကောင်းတွေရှားတဲ့အနေအထားမှာ
လွန်ခဲ့တဲ့၁၀နှစ်လောက်က ထွက်ရှိခဲ့တဲ့ ဒီဇာတ်ကားလေးကတော့
ဟော်ရာဖန်တွေကို အကြိုက်တွေ့စေမှာပါ။ဇာတ်လမ်းကတော့ အမ်မီလီရာဆိုတဲ့အမျိုးသမီးဟာ
Single Mom တစ်ဦးဖြစ်ပြီး သူ့သားလေး
ဆမ်မြူရယ်ကို သူတစ်ယောက်တည်း ပြုစုပျိုးထောင်နေတာပါ။
သူ့အမျိုးသားကတော့ သူ့သားဖြစ်သူ ဆမ်မြူရယ်မွေးတဲ့နေ့မှာပဲ
ကားမတော်တဆမှုကြောင့် ဆုံးပါးသွားခဲ့ပါတယ်။ခင်ပွန်းဖြစ်သူကို ဆုံးရှုံးခဲ့ရတဲ့ အမ်မလီရာဟာ
၇နှစ်ကျော်ပြီးဖြစ်ပေမဲ့ အဲဒီဆုံးရှုံးမှုကို လက်ရှိအချိန်အထိ
ကြေကွဲတမ်းတနေသေးတဲ့ အမျိုးသမီးတစ်ယောက်ပေါ့။
သူ့သားလေးဖြစ်တဲ့ ဆမ်မြူရယ်က မျက်လှည့်ကို
အရမ်းစိတ်ဝင်စားပြီး မကောင်းဆိုးဝါးတွေကိုလည်း
ယုံကြည်တတ်တဲ့ကလေးတစ်ယောက်ပေါ့။
တစ်ညမှာ မိခင်ဖြစ်သူက သားဖြစ်သူကို အိပ်ရာဝင်ပုံပြင်ဖတ်ပြရင်း
“မစ္စတာဘာဘာဒေါ့ခ်”လို့ ခေါ်တဲ့စာအုပ်ကိုဖတ်ပြမိခဲ့တယ်။
အဲဒီညကနေစပြီး သူတို့သားအမိနှစ်ယောက်ရဲ့အိမ်မှာ
ကြောက်စရာအဖြစ်အပျက်တွေ ဇယ်ဆက်သလိုပဲ ဆက်တိုက်ပေါ်ပေါက်လာခဲ့တော့တယ်။ဇာတ်လမ်းရဲ့အသက်ကတော့ သားအမိနှစ်ယောက်ရဲ့
ဆက်ဆံရေးနဲ့ချစ်ခြင်းမေတ္တာလို့ပဲပြောရမယ်။
သရုပ်ဆောင်မင်းသမီး Essie Davis ရဲ့
သရုပ်ဆောင်ချက်တွေကလည်း အတော်ပြောင်မြောက်တယ်။
ခင်ပွန်းသည်ကိုဆုံးရှုံးလိုက်ရလို့ စိတ်ဒဏ်ရာရပြီးကြေကွဲနေတဲ့ဇနီးသည်၊
သားဖြစ်သူကအရမ်းဆိုးပြီး ထိန်းရခက်ပေမဲ့လည်း
အချစ်မလျော့တဲ့မိခင်နေရာကနေ သရုပ်ဆောင်ထားတာက
အတော်မိုက်ပြီး ရင်ထဲထိစေမှာအသေအချာပါပဲ။ထိတ်လန့်ခြောက်ခြားစရာအဖြစ်အပျက်တွေနဲ့
ကြည်နူးစရာချစ်ခြင်းမေတ္တာတို့ကို အချိုးကျပေါင်းစပ်လိုက်တဲ့အခါမှာ
သိပ်ကိုလှပကောင်းမွန်တဲ့ Emotionally Investing ဖြစ်စေမယ့်
ဟော်ရာကားတစ်ကားထွက်ပေါ်လာတော့တယ်။

Six years after the violent death of her husband, Amelia is at a loss. She struggles to discipline her ‘out of control’ 6 year-old, Samuel, a son she finds impossible to love. Samuel’s dreams are plagued by a monster he believes is coming to kill them both. When a disturbing storybook called ‘The Babadook’ turns up at their house, Samuel is convinced that the Babadook is the creature he’s been dreaming about. His hallucinations spiral out of control, he becomes more unpredictable and violent. Amelia, genuinely frightened by her son’s behaviour, is forced to medicate him. But when Amelia begins to see glimpses of a sinister presence all around her, it slowly dawns on her that the thing Samuel has been warning her about may be real. Written by Triptych Pictures

Show more...