A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Movie plot

Spartacus: IMDb – 8.5/10

(18+ အခန်းတချို့ပါဝင်၍ အသက်ရွယ်မပြည့်သူများနှင့်
မိသားစုဝင်များအတူတကွ ကြည့်ရှုရန်မသင့်တော်ပါ)
၁၉၉၀ကျော်ကာလတွေမှာ မွေးပြီး ၂၀၁၀ကျော်လောက်မှာ ခိုးကူးခွေခေတ်ကို
ဖြတ်သန်းဖူးတဲ့ဆယ်ကျော်သက်တွေထဲတော့ Spartacusကို မသိတဲ့လူ တော်တော်ရှားလိမ့်မယ်။
အဲဒီခေတ်တုန်းက ကျွန်တော်တို့အတွက်တော့ စပါတာကတ်စ်ကဟာ သောက်ရမ်းသတ်
သောက်ရမ်းကြမ်း ဟိုအခန်း ဒီအခန်းတွေ ဖောခြင်းသောခြင်းပါတဲ့ ကားအနေနဲ့နာမည်ကျော်ခဲ့တယ်။

သူ့နောက်တော့ Bansheeတို့ ဘာတို့ပေါ့။ အဲဒီတုန်းကတော့ ရုပ်ရှင်ခွေတွေတော့ တော်တော်ပေါပေမဲ့
ကျွန်တော်တို့ဆီတော့ စီးရီးခွေပေါပေါများ သိပ်မတွေ့ရဘူး။ ကျွန်တော်တို့ မနည်းရှာဝယ်ကြည့်ရတာပဲ။
၂၀၁၄-၁၅ ဝန်းကျင်လောက်ကျတော့ မြန်မာစာတန်းထိုးရုပ်ရှင်တွေတင်တဲ့ Websiteတွေပေါ်နေပြီ။
ကျွန်တော်တို့ဆီတော့ မိတ္တူဆိုင်တွေက သူတို့ Hardiskထဲ အခွေကကားတွေကူးထားတာတွေ ,
မြန်မာစာတန်းထိုးကားတွေတင်ပေးတဲ့ဆီတွေက ကူးလိုက် ကူးထားတာတွေကို တစ်ကား၂၀၀နဲ့ရောင်းနေပြီ။

၂၀၁၆လောက်မှာတော့ ကျွန်တော်တို့တွေ Channel Myanmarကို စသိနေပြီ။ အဲဒီတုန်းကတော့
ရှားလော့တို့ The Shannara Chroniclesတို့ DC’s Legends of Tomorrowတို့လို စီးရီးတွေစတင်နေပြီ။
ခုဆို အရင်တုန်းက သိပ်ပေါပေါများများမတွေ့ခဲ့ရတဲ့ အင်္ဂလိပ်စီးရီးတွေလည်း တစ်ပတ်တစ်ပတ်ကို ၁၀ခုလောက်နီးနီးတင်နေပြီ။ အကောင်းတွေကြည့်ရတာများတော့ ဟိုးတုန်းက စီးရီးခွေတွေက သိပ်မပေါခဲ့ချိန်တုန်းက ဘယ်စီးရီးကြည့်ကြည့် ကြည့်ကောင်းနေတဲ့အရသာမျိုးတော့ ပြန်မရတော့ဘူး။ စပါတာကတ်စ်ကတော့ ဟိုးတုန်းကလည်း ကြည့်ကောင်းခဲ့သလို ဒီတလော ကျွန်တော်ပြန်ကြည့်ဖြစ်တာမှာလည်း တော်တော်ကြည့်ကောင်းတဲ့ စီးရီးအဖြစ်နဲ့ရှိနေတုန်းပဲ။ ဒီဘက်ခေတ်ထွက်တဲ့ စီးရီးအများစုထက်တော့ သာနေသေးတယ်။

စပါတာကတ်စ်ဆိုတဲ့ နာမည်က ဒီရုပ်ရှင်ထဲက အဓိကဇာတ်ကောင်ရဲ့နာမည်။ စပါတာကပ်စ်က 103–71 BCကြားထဲ သမိုင်းမှာ တကယ်ရှိခဲ့တဲ့သူ။ ရောမပြည်ကြီးရဲ့ လှုမှုနဲ့ စီးပွားရေးအတွက် ကျွန်စနစ်က တော်တော်အရေးပါခဲ့တယ်။ အဲဒီကျွန်တွေထဲ အမြင့်ဆုံးအဆင့်က ဂလက်ဒီရေတာတွေ။ ဂလက်ဒီရေတာတွေက သူတို့အတွက် ပိုအရေးပါလောက်မယ်။ ငွေရော ဂုဏ်ရော ပေးနိုင်သကိုး။ ရောမခေတ်က ဂလက်ဒီရေတာသတ်ကွင်းကို ကြည့်ခဲ့ကြတဲ့ ပွဲကြည့်စင်ကြီးဖြစ်ခဲ့တဲ့ ကိုလော့စီယမ် (colosseum)ဟာလည်း ဒီနေ့ထက်ထိ တည်နေပြီး။ ကမ္ဘာ့အံ့ဖွယ်၇ခုထဲပါနေတာကို ကြည့်ရင် ဂလက်ဒီရေတာတွေဟာ ရောမအတွက် အရေးပါခဲ့တာကို မြင်သာပါတယ်။ ကျွန်တွေဟာ ရောမကို ခဏခဏအာခံခဲ့ကြပေမဲ့။ Third Servile Warခေါ် Gladiator War ခေါ် the War of Spartacusကပဲ ရောမပြည်ရဲ့အချက်အချာဖြစ်တဲ့ အီတလီကို တုန်လှုပ်စေခဲ့တယ်။ အဲဒီစစ်ပွဲမှာ ပုန်ကန်ခဲ့ကြတဲ့ ကျွန်ခေါင်းဆောင်တွေထဲက တစ်ယောက်က စပါတာကတ်စ်ပါပဲ။ ကားလ်မာ့စ်ကလည်း စပါတာကတ်စ်ကို “the most splendid fellow in the whole of ancient history” လို့ ပြောခဲ့ဖူးတယ်။ ဒီစပါတာကတ်စ် စီးရီးကလည်း တကယ်ရှိခဲ့တဲ့ စပါတာကတ်စ်ရဲ့ သမိုင်းကို အခြေခံပြီး ကွန့်ထားတဲ့ စီးရီးပါပဲ။ ပရိုဂျူဆာတွေဟာ စပါတာကတ်စ်ရဲ့ သမိုင်းမှတ်တမ်းတွေကို လေ့လာပြီး ဒီစီးရီးကို ပုံဖော်ခဲ့ကြတယ်။ စပါတာကတ်စ်စီးရီးဟာ ဆီဆန်၃ခုထွက်ခဲ့ပြီး ဒီ၃ခုမှာ စပါတာကတ်စ်ရဲ့ ဂလက်ဒီရေတာဘဝရောက်လာပုံကနေ ကျွန်တွေကို စုစည်းပြီး ရောမကိုပုန်ကန်ခဲ့ပုံတွေရော ဘဝနိဂုံးအထိရော ပုံဖော်ထားခဲ့တယ်။ စပါတာကတ်စ်ဟာ ကျွန်တကာထဲကမှ ဂလက်ဒီရေတာကွင်းထဲ ကွပ်မျက်ခံရဖို့ အထည့်ခံရတဲ့ အဆိုးဆုံးကျွန်အဆင့်ကနေ ရောမရဲ့ ဒဏ္ဍာရီတစ်ခုလိုအဖြစ် နတ်ဘုရားတွေစောင်မခြင်းခံရတဲ့သူအဖြစ်ကို ဘယ်လိုရောက်လာလဲ စိတ်လှုပ်ရှားစရာ သတ်ပွဲတွေနဲ့အတူတူ တစ်ဆင့်ခြင်း ဒီစီးရီးမှာ ကျွန်တော်တို့ မြင်ရလိမ့်မယ်။

စပါတာကတ်စ်စီးရီးဟာ ဆီဆန်၃ခုနဲ့ Prequelတစ်တွဲထွက်ခဲ့ပြီး။ Spartacus: Blood and Sand ( 2010 ), Spartacus: Vengeance (2012 ) , Spartacus : War of the Damned ( 2013 ) တို့ကတော့ မူလ အတွဲတွေဖြစ်ပြီး Spartacus: Gods of the Arena (2011)ကတော့ Lentulus Batiatusရဲ့ ပထမဆုံးဂလက်ဒီရေတာ Gannicus အကြောင်းပါပဲ။ စပါကတ်စ်စီးရီးနဲ့ ပတ်သက်တဲ့ စိတ်မကောင်းစရာတစ်ခုကတော့ Spartacus: Blood and Sandကိုရိုက်ပြီးတဲ့နောက်မှာ စပါတာကတ်စ်မင်းသား Andy Whitfieldဟာ ပြန်ရည်ကျိတ်ကင်ဆာဖြစ်ပြီး နောက်အတွဲတွေကို ဆက်မရိုက်နိုင်တော့တာပါပဲ။ ဒါကြောင့်ပဲ ၂၀၁၁မှာ ဒုတိယတွဲမထွက်ဘဲ Prequelထွက်ခဲ့ရတာပါပဲ။ ဒီရောဂါနဲ့ပဲ ၂၀၁၁မှာပဲ အန်ဒီဟာ ဆုံးပါးသွားခဲ့တယ်။ Starzက Liam McIntyreကို နောက်နှစ်တွဲမှာ အစားထိုးခဲ့ပါတယ်။ စပါတာကတ်စ်ဟာ ရှေ့မှာ ဒီလေးတွဲထွက်ခဲ့ပြီးသလို Spartacus: House of Ashurဆိုတဲ့ စီးရီးအသစ်လည်း များမကြာခင် ထွက်ဖို့ရှိပါသေးတယ်။

စာအုပ်တစ်အုပ်ကို ဘယ်တော့မှ ၂ခါပြန်ဖတ်လို့မရသလို ရုပ်ရှင်တစ်ကားကိုလည်း ၂ခါပြန်ကြည့်လို့မရဘူးတဲ့။ ကြည့်လိုက်တိုင်း အသစ်ဖြစ်သွားလိမ့်မယ်တဲ့။ ဒါပေမဲ့လည်း 12 Monkeysထဲက စကားတစ်ခုအတိုင်းဆို ရုပ်ရှင်တွေက မပြောင်းလဲဘူးတဲ့။ ကြည့်တဲ့သူရဲ့ နှလုံးသားက ပြောင်းလဲသွားလို့သာ ရုပ်ရှင်တွေကို အမြင်အသစ်နဲ့ မြင်နေကြတာတဲ့။ ဒီလောက်နှစ်တွေမှာ ကျွန်တော်တို့နှလုံးသားတွေလည်း အများကြီးပြောင်းလဲသွားကြလောက်ပါပြီ။ ပြောင်းသွားတဲ့ နှလုံးသားတွေနဲ့ စပါတာကတ်စ်ကို အရသာအသစ်နဲ့ ပြန်ကြည့်လိုက်ကြတာပေါ့။

The inspiration behind this series is the Thracian Gladiator Spartacus, who led a slave uprising against the Roman Republic. The Thracians had been persuaded by Claudius Glaber to serve as auxiliaries in the Roman legions in a campaign against the Getae, who had often plundered Thracian lands. However after Glaber reneges on the deal and switches his attentions from the Getae to attack Mithridates in Asia Minor, the Thracians feel betrayed and mutiny. Captured by Glaber, Spartacus is condemned to death as a Gladiator, whilst his wife Sura is condemned to slavery. Spartacus, however, proves to be a formidable gladiator, and defeats the four gladiators tasked with executing him. He becomes a favorite of the crowd, leading Senator Albinius to commute his death sentence to a life of slavery. Spartacus is purchased by Batiatus for gladiator training, who promises to help him find Sura if he proves himself in training. As the series develops, the story follows the betrayals and machinations of Roman life and a tale of one man’s heroic quest for vengeance. Written by WellardRockard

Show more...