Demon Slayer: Kimetsu No Yaiba – ဆိုတဲ့ နာမည်ကို
ကြားလိုက်တာနဲ့ Opening song “Gurenge”က စလို့
Mangaရသမပျက်အောင် အကောင်းဆုံးပုံဖော်ထားနိုင်တဲ့
Detailကျပြီး လှပတဲ့ animationရေးဆွဲချက်တွေအလယ်၊
Character တစ်ဦးချင်းစီရဲ့ပုံရိပ်ကို အပီပြင်ဆုံးဖန်တီးနိုင်မှု
အဆုံး….2019ရဲ့ ဝင်ငွေအကောင်းဆုံး Animeတွေထဲက
တစ်ခုအဖြစ် အငြင်းပွားဖွယ်မရှိ ရပ်တည်နိုင်ခဲ့တဲ့ Anime
တစ်ခုပဲဖြစ်ပါတယ်၊ Nezukoနဲ့Tanjirouလို့ ပြောလိုက်တာနဲ့
တန်းမြင်စေတဲ့ Animeဆိုလည်းမမှားပါဘူး
လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက လူသားတွေကိုသတ်ဖြတ်
စားသောက်ခဲ့တဲ့ Demonတွေဟာ တောတောင်တွေထဲမှာ
ကျက်စားတယ်ဆိုတဲ့ ယုံတမ်းစကားတွေနဲ့အတူ ပြည်သူတွေကို
ဒုက္ခပေးလာခဲ့တာပါ၊ ဒီ Demonတွေကို သတ်ဖြတ်ချေမှုန်းမယ့်
Demon Slayerတွေကလည်း ရှိနေခဲ့ပါတယ်
MC Tanjiro Kamadoဟာ မိသားစုနဲ့အတူ တောင်ပေါ်က
အိမ်လေးတစ်လုံးမှာနေထိုင်ရင်း မိသားစုဝမ်းရေးအတွက်
တောင်အောက်ဆင်းပြီး မီးသွေးရောင်းရင်း အသက်မွေးရသူပါ၊
တစ်နေ့ Tanjiroတစ်ယောက် မီးသွေးရောင်းရင်း အိမ်ပြန်အလာ
သူ့မိသားစုဟာ Demonတွေရဲ့လက်ချက်ကြောင့် သေဆုံးနှင့်ပြီ
ဖြစ်သလို ညီမငယ် Nezukoကလည်း အသက်မသေသော်ငှား
Demonတစ်ယောက် အသွင်ပြောင်းသွားတဲ့အခါ….
သာယာအေးချမ်းတဲ့ဘဝထဲ လေမုန်တိုင်းထန်ပြီးတဲ့နောက်
သူ့မိသားစုကို သတ်သွားတဲ့မိစ္ဆာကောင်ကို ကလဲ့စားချေဖို့နဲ့
Demonပြောင်းသွားပေမဲ့ လူတစ်ယောက်ရဲ့ ခံစားချက်တွေ
ရှိနေသေးတယ်လို့ သူယုံကြည်ထားတဲ့ ညီမငယ်Nezuko
အတွက် လူစင်စစ်အသွင်ပြန်ပြောင်းနိုင်မယ့် နည်းလမ်းကို
ရှာဖွေဖို့ Tanjiroတစ်ယောက် စွန့်စားခန်းခရီးစဉ်ကို
စတင်ခဲ့ပါတော့တယ်….
A family is attacked by demons and only two members survive – Tanjiro and his sister Nezuko, who is turning into a demon slowly. Tanjiro sets out to become a demon slayer to avenge his family and cure his sister.