A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Prev
Next
Light Off
Report
1.7K view

🎬 Supernatural သို့ လွမ်းခြင်း (၁၅ နှစ်တာ အမှတ်တရ)

နိုဝင်ဘာ ၃၀၊ ၂၀၂၂။

◼ CW ရဲ့ အပိုင်းအများဆုံးဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ Supernatural ဟာ မြန်မာပရိသတ်တွေကြားမှာ နေရာတစ်ခုအမြဲရယူခဲ့တယ်ဆိုတာ ငြင်းစရာအကြောင်းမရှိခဲ့ပါဘူး။ အများစုက “မိစ္ဆာမုဆိုး” “ပညာသည်နှစ်ဦး” စတဲ့ နာမည်အသီးသီးနဲ့သိကြသလို တချို့တွေကလည်း Supernatural နာမည်နဲ့ပဲ ကြည့်ခဲ့ကြပေမယ့် ကာလတစ်ခုအထိ Supernatural ဟာ ပရိသတ်ရဲ့ဘဝအစိတ်အပိုင်းတစ်ခုအထိ ရှိနေဦးမှာပါပဲ။

◼ Supernatural ဟာ Bible, folklore တွေ၊ myth တွေကို parody လုပ်ပြီးတင်ဆက်ထားတဲ့ series ဖြစ်ပေမယ့် တဖြေး​ဖြေးနဲ့ လူ့ဘဝမှာတွေ့ကြုံရတတ်တဲ့ အချိုးအကွေ့တွေ၊ ပျော်စရာတွေ၊ အခက်အခဲတွေ၊ ပူဆွေးဝမ်းနည်းမှုတွေ၊ သံယောစဥ်တွေကို ထောက်ပြပြီး လမ်းတစ်ခုကိုပြပေးခဲ့တယ်။ Sam နဲ့ Dean ရဲ့ ညီအစ်ကိုသံယောစဥ်၊ monster တွေရဲ့ တိုက်ခိုက်မှုတွေထက် ထင်မှတ်မထားတဲ့ လူကောင်းလို့ထင်ရတဲ့သူတွေရဲ့ရက်စက်မှုတွေက ပိုပြီးနာကျင်ရကြောင်းတွေကို ပရိသတ်ကသဘောကျကြတာပါ။

◼ Supernatural ဟာ Sam နဲ့ Dean တို့ရဲ့ အမေ Mary တစ်ယောက် သေဆုံးရာကနေ စတင်ပါတယ်။ Season 1 ကနေ 3 အထိ သာမန်ရိုးရိုးမကောင်းဆိုးဝါးတွေ၊ ဝိညာဥ်တွေ၊ စုန်းတွေ၊ နတ်ဆိုးတွေနဲ့ ဒဏ္ဍာရီလာနတ်ဘုရားတွေနဲ့ စတင်ပြီး Season 4 ကနေ တောက်လျှောက် Angel နဲ့ Archangel အရှုပ်အထွေးတွေ၊ သမ္မာကျမ်းလာကမ္ဘာပျက်ကပ်တွေ၊ Four Horsemen တွေလည်း ပါဝင်လာသလို မယုံနိုင်စရာဇာတ်အိမ်အလှည့်အပြောင်းတွေနဲ့ အချိုးအကွေ့လည်း ကြာလေလေများလာလေလေပါပဲ။ Season 12 မှာ Monster တွေထက် လူအချင်းချင်းတွယ်ရတာကိုပိုအသားပေးထားတာမို့လို့ဇာတ်အေးချင်သယောင်ရှိပေမယ့် မယုံနိုင်အောင်ကို ဇာတ်အလှည့်အ​ပြောင်းတွေများပြားပါတယ်။ Season 13 ကနေစပြီး ဇာတ်ရှိန်ဆက်တိုက်တက်လာပါတယ်။

◼ ရုပ်ရှင်တစ်ကား၊ စာတစ်အုပ်ပြီးသွားရင် နောက်ထပ်ရုပ်ရှင်အသစ်တစ်ကား၊ နောက်ထပ်စာအုပ်အသစ်တစ်အုပ်အမြဲစတင်ကြရတယ်၊ ဘဝဆိုတာ စာအုပ်တစ်အုပ်၊ ရုပ်ရှင်တစ်ကားထက် အဆပေါင်းများစွာပိုလေးနက်တယ် ဆိုတာကို Chuck နဲ့ Winchester တွေရဲ့ အားပြိုင်မှုတွေကနေတစ်ဆင့် ပရိသတ်ကိုပြသပေးတယ်။ ကျွန်တော်တို့တွေ များသောအားဖြင့် အခက်အခဲတစ်ခုကြုံလာတဲ့အခါမှာ ဘုရား တ တတ်ကြတယ်။ တကယ်လို့ ကိုယ်ကိုးကွယ်ယုံကြည်အားကိုးနေတဲ့သူက ကိုယ့်ကို သမမယ့်သူတစ်ယောက်ဖြစ်နေတဲ့အခါမှာ ဘာတွေခံစားရမလဲ၊ ဘာတွေကြုံတွေ့ရပြီး ဘယ်လိုရင်ဆိုင်ရမလဲ ဆိုတာ Sam နဲ့ Dean တို့ဆီကနေ ပညာယူတတ်ကြရင်သိပ်ကောင်းမှာပါပဲ။

◼ Supernatural ဆိုတာ Impala တစ်စီး၊ မကောင်းဆိုးဝါးတွေ၊ နတ်ဆိုးတွေ၊ အိန်ဂျယ်တွေနဲ့ Winchester တွေထက် ပိုတဲ့ ဇာတ်လမ်းတစ်ပုဒ်လို့ပြောရင်ပိုပြည့်စုံမယ်လို့ယူဆမိတယ်။ အထူးသဖြင့် Supernatural ဟာ ကျွန်တော့်ဘဝနဲ့ ကျွန်တော့်ရဲ့ရုပ်ရှင်ကြည့်မှုအပိုင်းကို အများကြီးသက်ရောက်မှုရှိခဲ့ပါတယ်။ ကျွန်တော် Supernatural ဆိုတာကို ၇တန်းကျောင်းသားဘဝမှာ မှုန်ဝါးဝါးအခွေဗားရှင်းနဲ့စပြီးကြည့်ခဲ့တာပါ။ Supernatural မကြည့်ခင်က ကျွန်တော်သရဲအရမ်းကြောက်တယ်၊ အင်္ဂလိပ်ကားတွေရော မြန်မာကားတွေကသရဲတွေကိုပါ ကျွန်တော်ကြောက်တယ်။ Supernatural ရဲ့ ပထမဆုံးအပိုင်း Woman in White ကို စကြည့်ခါစက ကြောက်စရာကြီးပဲ လို့ ထင်ရပေမယ့် တကယ့်တကယ်မှာ ကြောက်နေရင် သရဲကကိုယ့်ကိုဖျင်တက်ကြိတ်မှာပဲ ဆိုပြီး Supernatural ကနေ သရဲမကြောက်တတ်တဲ့စိတ်ကိုရလာခဲ့တာပါပဲ။

◼ Television Show တစ်ခုဖြစ်ပြီး ဘတ်ဂျက်နိမ့် series တစ်ခုဖြစ်တဲ့အတွက် VFX အပိုင်းမှာ အားနည်းပေမယ့်လည်း Supernatural နဲ့ ပတ်သက်ပြီး ပရိသတ်ကိုထိစေတဲ့အချက်တွေထဲမှာ Classic Rock သီချင်းတွေ၊ Country စတိုင် တင်ဆက်ပြသမှုတွေ၊ monster တွေကို လူပုံစံနဲ့ပြသထားပေမယ့် monster တွေကို ကြောက်စရာကောင်းအောင်ဖန်တီးထားမှုတွေကိုထည့်ထားရပါမယ်။ Supernatural ရဲ့ မူလအစီအစဥ်က Season ငါးခုစာပဲရှိခဲ့ပေမယ့် ပရိသတ်ရဲ့တုံ့ပြန်အားပေးမှုရလဒ်ကောင်းခဲ့တဲ့အတွက် Season ၁၅ ခုအထိ ထွက်ရှိခဲ့ပါတယ်။ H.H. Holmes လို၊ Eliot Ness လို၊ Jack the Ripper လို၊ Adolf Hitler လို တကယ့်လက်တွေ့ဘဝက လူတွေကိုပါထည့်ပြီး The Sandman နဲ့ Evil Dead တို့ကိုအခြေခံဖန်တီးထားတဲ့ ဒီ series ဟာ ဆယ်စုနှစ်တစ်ခုကျော်ကြာအောင် အားပေးခံခဲ့ရတယ်ဆိုတာ အံ့သြစရာတစ်ခုပါပဲ။

◼ Sam နဲ့ Dean အပြင် Bobby, Castiel, Crowley, Ruby, Rowena, Charlie, John နဲ့ Mary တို့ကလည်း Supernatural ရဲ့ ခရီးလမ်းတစ်ခုကို အကောင်းဆုံးဖြစ်အောင်သယ်ယူပေးခဲ့ကြပါတယ်။ Dean သရုပ်ဆောင် Jensen Ackles ရဲ့ ဟာသရော ဒရာမာပါပိုင်တဲ့သရုပ်ဆောင်မှုတွေ၊ Sam သရုပ်ဆောင် Jared Padalecki ရဲ့ မျက်ရည်ကျအောင်ပီပြင်တဲ့သရုပ်ဆောင်ချက်တွေအပြင် Hello boys ဆိုတဲ့ Crowley ရဲ့ အသံဝဲဝဲ၊ Bobby ရဲ့ Idjit ဆိုပြီး ဆဲတဲ့အခန်းတွေ၊ Castiel နဲ့ Dean ရဲ့ သူငယ်ချင်းသံယောစဥ်တွေဟာ Supernatural ကို ပုံမှန်ထက်အသက်ပိုရှည်အောင်ဆွဲဆန့်ပေးခဲ့တယ်ဆိုရင်လဲ မမှားသောအချက်တစ်ချက်ပါပဲ။ Fanfiction ဆိုတဲ့ အပိုင်းမှာ “Supernatural က အချစ်၊ အမုန်း၊ ဒရာမာ၊ ဇာတ်ကြမ်း အစုံပါတဲ့ ရသစုံဇာတ်လမ်းတစ်ပုဒ်ပဲ” ဆိုတဲ့ စကားလုံးဟာ တစ် series လုံးရဲ့ အနှစ်ချုပ်လို့တောင် ယူဆလို့ရပါတယ်။

◼ Supernatural ဟာ ကျွန်တော့်ဘဝအတွက် မှတ်တိုင်အများကြီးစိုက်ထူပေးခဲ့တယ်။ Supernatural ကြောင့် ကျွန်တော်အရင်က ရုပ်ရှင်ဘာသာပြန်လုပ်ခဲ့ဖူးတယ်။ Supernatural ကြောင့်ပဲ စာပိုဖတ်ဖြစ်လာတယ်။ Supernatural Fandom ကနေ တစ်ချိန်က ဆိုးတိုင်ပင်ကောင်းတိုင်ပင်သူငယ်ချင်းတစ်ယောက်ရခဲ့ဖူးတယ်။ Supernatural ကနေ………………..

◼ အပိုင်းရာချီခဲ့တဲ့ဇာတ်လမ်းတွဲတစ်ခု အမှန်တကယ်အဆုံးသတ်ပြီ လို့ တွေးမိတဲ့အခါတိုင်း စိတ်ထဲမှာမတင်မကျနဲ့ဝမ်းနည်းရပေမယ့် ဘဝဆိုတာ ရပ်တန့်နေတဲ့အရာတစ်ခုမဟုတ်တော့လည်း အတိတ်ကိုထားခဲ့ပြီး ရှေ့ဆက်ကြရတာပါပဲ။ ကြည့်ရှုတဲ့ပရိသတ်တွေရဲ့ရင်ထဲမှာတောင် နေရာတစ်ခုကျန်ရစ်ခဲ့သလို Supernatural အဖွဲ့သားတွေလည်း Carry on My Wayward Son ဆိုတာနဲ့ တစ်ခုခုကိုပြေးသတိရမိကြမှာပါပဲ။

◼ အခက်အခဲတစ်ခုခုနဲ့ကြုံလာတဲ့အခါ၊ အတိတ်ကိုသတိရလာတဲ့အခါ Kansas ရဲ့ Carry on My Wayward, Son ကို ဖွင့်ပြီး Supernatural ရဲ့ ဇာတ်လမ်းတွေကို အမြဲလိုလိုစဥ်းစားရင်း ဘဝကိုရှေ့ဆက်ရင်းနဲ့ပေါ့။ Impala ရဲ့ အင်ဂျင်သံ၊ ကတ်ဆက်တိပ်ခွေနဲ့ဖွင့်တဲ့ ရော့ခ်သီချင်းသံ နဲ့ ဂျင်းဂျာကင်နဲ့​Flannel ဝတ်တဲ့ညီအစ်ကိုနှစ်ယောက်ရဲ့စကားသံတွေကို Season သစ်တစ်ခုအဖြစ်နဲ့ နောက်တစ်ကြိမ်ထပ်မကြားရတော့ဘူးဆိုတာ မယုံနိုင်သေးပါဘူး။

◼ အခွင့်အခါသင့်လို့ Supernatural ကို ကြည့်ဖြစ်ခဲ့မယ်ဆိုရင် Supernatural ဟာ ဘဝတစ်ခုမှာအထောက်အပံ့တစ်ခုဖြစ်စေမှာပါလို့ အာမခံလိုပါတယ်။

“Carry on, my wayward son
There’ll be peace when you are done
Lay your weary head to rest
Don’t you cry no more..”

McGarrett ရေးသည်။

John Winchester raised his two sons Sam and Dean to hunt and kill all things that go “bump in the night” after his wife Mary was murdered by an evil supernatural being when the boys were little. 22 years later the brothers set out on a journey, fighting evil along the way, to find their recently-missing father; when they finally do he reveals he knows what demon killed their mother and has found a way to track and kill it. Meanwhile, Sam develops frightening abilities such as seeing visions of people dying before it actually happens. These visions are somehow connected to the demon that murdered his mother and its mysterious plans that seem to be all about Sam. When their father dies striking a deal with that very same demon, the brothers determine to finish his crusade. But disturbing revelations about Sam’s part in the demon’s apocalyptic plan are presented when John’s dying last words to Dean are revealed. Written by Rachel B.

Server HY
  • 1
  • 2
  • 3
  • 4
  • 5
  • 6
  • 7
  • 8
  • 9
  • 10
  • 11
  • 12
  • 13
  • 14
  • 15
  • 16
  • 17
  • 18
  • 19
  • 20
  • 21
  • 22
  • 1
  • 2
  • 3
  • 4
  • 5
  • 6
  • 7
  • 8
  • 9
  • 10
  • 11
  • 12
  • 13
  • 14
  • 15
  • 16
  • 1
  • 2
  • 3
  • 4
  • 5
  • 6
  • 7
  • 8
  • 9
  • 10
  • 11
  • 12
  • 13
  • 14
  • 15
  • 16
  • 17
  • 18
  • 19
  • 20
  • 21
  • 22
  • 1
  • 2
  • 3
  • 4
  • 5
  • 6
  • 7
  • 8
  • 9
  • 10
  • 11
  • 12
  • 13
  • 14
  • 15
  • 16
  • 17
  • 18
  • 19
  • 20
  • 21
  • 22
  • 1
  • 2
  • 3
  • 4
  • 5
  • 6
  • 7
  • 8
  • 9
  • 10
  • 11
  • 12
  • 13
  • 14
  • 15
  • 16
  • 17
  • 18
  • 19
  • 20
  • 21
  • 22
  • 1
  • 2
  • 3
  • 4
  • 5
  • 6
  • 7
  • 8
  • 9
  • 10
  • 11
  • 12
  • 13
  • 14
  • 15
  • 16
  • 17
  • 18
  • 19
  • 20
  • 21
  • 22
  • 23
Subscribe
Notify of
guest

0 Comments
Oldest
Newest Most Voted
Inline Feedbacks
View all comments