A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Prev
Next
Light Off
Report
151 view
0.65/ 5 1 votes

Maharaja (2024) လက်ရှ်မီး ပဟေဠိ
Genre – Action, Drama, Thriller
IMDB – 8.6/10အားလုံး စောင့်မျှော်နေကြမယ့် မင်းသားကြီး ဗီဂျေးစည်သူပတိရဲ့ အသစ်စက်စက်
လျှို့ဝှက်သည်းဖို အက်ရှင်ကားလေး ထွက်ရှိလာခဲ့ပါပြီ ရုံတင်ငွေကနေလဲ အမြတ်စွန်း
ကောင်းကောင်းပြန်လည်ရရှိထားတဲ့ အက်ရှင်ဇာတ်ကားကြီးပဲဖြစ်ပါတယ်
ဒါရိုက်တာကလည်း ၂၀၁၇ ခုနှစ်ထွက် မှုခင်းကားကောင်း Kurangu Bommai ကို
ရိုက်ကူးပေးထားတဲ့ Nithilan Swaminathan ပါ။မင်းသားကြီးကိုတော့ ဒီထဲမှာ မထုံတတ်တေးပုံစံနဲ့ အသာလေး ကြမ်းပြတာကို မြင်ရမှာပဲ ဖြစ်ပါတယ်။
ဒီတစ်ခေါက် ဇာတ်လမ်းလေးကတော့ ဆန်းပါတယ်… ဆန်းဆို “မဟာရာဇာ” ဆိုတာက
ဆံပင်ညှပ်ဆိုင်လေးဖွင့်ထားတဲ့ ဆံသဆရာတစ်ယောက်၊ သမီးဖြစ်သူ ငယ်စဉ်ကတည်းက
ဇနီး ဆုံးပါးသွားခဲ့တာကြောင့် အဖေတစ်ခု သမီးတစ်ခုနဲ့ ဘဝကို ရိုးရှင်းစွာ
နိစ္စဓူဝ ဖြတ်သန်းနေရသူပေါ့။သမီးဖြစ်သူ “ဂျိုသီ” က ကျောင်းစာထက် အားကစားဖက်ကို စိတ်အားထက်သန်ပြီး ထူးချွန်သူပါ။
ဒါပေမဲ့ သူတို့အိမ်မှာ သားအဖနှစ်ယောက်တည်းတင် မဟုတ်ပါဘူး “လက်ရှ်မီး” ဆိုတာ ရှိပါတယ်၊
သူတို့အမေလည်းမဟုတ် အဘွားလည်းမဟုတ် အမျိုးလည်းမဟုတ် အူကြောင်ကြောင်နဲ့
သံအမှိုက်ပုံးကြီးတစ်ခုပါ။
ဒါကြီးကို တစ်ပတ်တစ်ခါ ရေမိုးချိုးပေးရသလို အမွှေးနံ့သာတွေ ပတ်ဖြန်းပြီး သားအဖ ၂ ယောက်
ဖူးဖူးမှုတ်ထားကြတာပေါ့။ ဒါလည်း အကြောင်းရှိပါတယ် ငယ်စဉ်က အိမ်မတော်မဆ ဖြစ်ပြီး
အိမ်ပြိုမလို ဖြစ်တဲ့အချိန် ဒီအမှိုက်ပုံးကြောင့် သမီးဖြစ်သူ အသက်ချမ်းသာခဲ့ရတယ်လို့ ဆိုပါတယ်။ဒီလိုနဲ့ နေလာရင်းကနေ တစ်ရက်ကျ ဒီ “လက်ရှ်မီး” ကြီး အခိုးခံလိုက်ရပါတယ်၊ အဲဒီမှာ “မဟာရာဇာ” တစ်ယောက်
ရဲတွေကို သွားတိုင်ချက်ဖွင့်တော့ ရဲတွေက လူလား ပစ္စည်းဥစ္စာလားမေးတဲ့အချိန် မသဲမကွဲ အင်းမလုပ် အဲမလုပ်နဲ့ တိုင်လာပြီး တစ်ယောက်တည်း အမှိုက်ပုံးပျောက် ရှာပုံတော်ဖွင့်ချိန်မှာ ဘာတွေ ဆက်လက်ပြီး ကြုံရဆုံရ ပေါက်ကရဖြစ် ဘာပြဿနာတက်မလဲဆိုတာတော့ ဆက်လက်ရှုစားပေးကြပါခင်ဗျာ…။

A barber seeks vengeance after his home is burglarized, cryptically telling police his “lakshmi” has been taken, leaving them uncertain if it’s a person or object. His quest to recover the elusive “lakshmi” unfolds.

Server HYServer HE
Download Quality Language Click
Link 1 1080p Myanmar HardSub 0
Link 2 1080p Myanmar HardSub 0
Link 3 1080p Myanmar HardSub 0
Link 4 720p 0
Link 5 720p 0
Link 6 720p 0
Subscribe
Notify of
guest

1 Comment
Oldest
Newest Most Voted
Inline Feedbacks
View all comments
hlawin
hlawin
1 month ago

I want to get download link