A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Prev
Next
Autoplay next episode: On
Light Off
Report
116 view
Server Option:Server HY
Server HY

Age of Samurai: Battle for Japan – ဒီရက်ပိုင်း ဂျပန်ဆာမူရိုင်းတွေကို အခြေခံရိုက်ကူးထားကာ ဆာမူရိုင်း GOT လို့ တင်စားနေကြတဲ့ Shogun စီးရီးထွက်နေပြီး
တော်တော်ကို မိုက်နေတဲ့အတွက် တစ်ပတ်တစ်ပိုင်း စောင့်နေစဉ်အတွင်း အကုန်လုံးလည်း ဆာမူရိုင်းတွေနဲ့ ပတ်သက်သမျှ
ဗဟုသုတရစေရန်အလို့ငှာ ၂၀၂၁ ခုနှစ်က Netflix ကနေ ထုတ်လုပ်ပေးထားတဲ့ ဒီ ဂျပန်ဆာမူရိုင်း မှတ်တမ်းရုပ်ရှင်လေးကိုလည်း
တင်ဆက်ပေးလိုက်ချင်ပါတယ်။ Documentary ဆိုလို့ စကားတွေထိုင်ပြော ရှင်းပြပြီး ပျင်းစရာကောင်းတာမျိုး မဟုတ်ပါဘူး။
စကားပြောနေသူတွေရဲ့ အနောက်ကနေ သရုပ်ဆောင်တွေရယ် Setting တွေရယ် ဇာတ်လမ်းပုံစံတင်ဆက်ထားပြီး
ကြည့်ရှုသူမျက်လုံးထဲ မြင်လာအောင် လုပ်ထားပေးတာဖြစ်ပါတယ်။ အဝတ်အစားတွေဆိုလည်း
ဖြစ်ကတတ်ဆန်းလုပ်ထားခြင်းမရှိပဲ တိုက်ပွဲတွေကအစ ပီပီပြင်ပြင် သရုပ်ဖော်ထားတာပါ။

Shogun စီးရီးမှာတော့ တကယ့်ဖြစ်ရပ်တွေပေါ် မှီငြမ်းထားတဲ့ စိတ်ကူးယဉ်ဇာတ်လမ်းဆိုပေမဲ့လည်း
ဒီ မှတ်တမ်းရုပ်ရှင်ကတော့ တကယ့်အပြင်မှာ ရှိခဲ့တဲ့လူတွေ တိုက်ပွဲတွေ ဗဟုသုတတွေကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
ဒီမှာ အဓိက ဦးတည်ပြောပြပေးသွားတာကတော့ ကျွန်တော်တို့နိုင်ငံမှာ အနော်ရထာမင်းက ပထမနိုင်ငံတော်ကို
စုစည်းသိမ်းသွင်းခဲ့သလိုမျိုးပဲ သူတို့ဆီက အိုဒမိသားစုကနေ နိုဘုနာဂါဆိုတဲ့ အရူးဆာမူရိုင်းဘဝကနေ ၁၅-၁၆ ရာစုလောက်မှာ
ဂျပန်တစ်ပြည်လုံးကို စည်းရုံးသိမ်းသွင်းနိုင်ခဲ့တဲ့အကြောင်းကို ထင်ရှားတဲ့တိုက်ပွဲတွေ ဖြစ်စဉ်တွေနဲ့ ပုံပြင်သဖွယ် ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

သူတစ်ယောက်တည်းအကြောင်းကို ကွက်ပြထားတာမျိုးမရှိပဲ သူနဲ့အတူတူ အရေးကြီးကဏ္ဍက ပါဝင်တဲ့ စစ်သူကြီး ၂ ယောက်အကြောင်းကိုလည်း ကြည့်ရဦးမှာပါ။
ဂျပန်နိုင်ငံသမိုင်းရဲ့ ပထမဆုံးအကြိမ် တိုင်းပြည်ပေါင်းစည်းမှုကဏ္ဍမှာ ပါဝင်ခဲ့တဲ့ အထင်ကရ ပုဂ္ဂိုလ် ၃ ဦးဆိုလည်း မှားမယ်မထင်ပါဘူး။
Mini series ဖြစ်ပြီး တစ်ပိုင်းကို မိနစ် ၄၀ ဝန်းကျင်နဲ့ စုစုပေါင်း ၆ ပိုင်းတိတိ ပါဝင်လို့ ဂျပန်ဆာမူရိုင်းခေတ်ရဲ့ ဓလေ့ထုံးစံတွေ ရိုးရာတွေ
အသုံးအဆောင်တွေ တိုက်ပွဲတွေ ဗဟုသုတတွေ ပေါင်းစုံ ခံစားရမယ့် မှတ်တမ်းစီးရီးလေးပဲ ဖြစ်ပါတယ်။

Other parts :
None !
Subscribe
Notify of
guest

0 Comments
Inline Feedbacks
View all comments