Warrior Baek Dong-soo Trailer
Watch

Warrior Baek Dong-soo

65 min

Now showing: Full 29/29

Latest EP: 292827

Country: South Korea

Actors: JeeyouJeong Ho-bin…Ji Chang-wookJun Gyu ParkKim Dong-gyunLee Won-jongPark Chul-minShin Hyeon-binSung Ji-ruYoo Seung-ho

Genres: Action, Adventure, Drama

4.55/ 5 1 votes
Movie plot

Warrior Baek Dong-soo : Samdari ပြီးသွားတော့ အမြဲစိမ်းသစ်တောလေးကိုလွမ်းနေတဲ့ Ji Chang Wook ဖန်တွေအတွက်2011 က ထွက်ရှိထားတဲ့ Ji Chang Wook ရဲ့ စီးရီးကောင်းတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။ဒီစီးရီးဟာ ပြသနေစဥ်အတွင်းမှာ ကြည့်ရှုမှုအများဆုံးကိုရရှိခဲ့ပြီးမင်းသား Ji Chang Wook က ဒီစီးရီးနဲ့ New Star Award ကို ရရှိခဲ့တာပါဒါ့အပြင် မင်းသား Yoo Seung Ho နဲ့ အခြားသောနာမည်ကြီးသရုပ်ဆောင်တွေက အပြိုင်သရုပ်ဆောင်ထားတာမိုိုK-drama ဖန်တွေအတွက် မသေခင်ကြည့်သွားသင့်တဲ့ဇာတ်ကားလို့ပြောရမှာပါပဲ။ဂျိုဆွန်းခေတ်ရဲ့အိမ်ရှေ့မင်းသားဆာဒိုဟာ နိုရန်ဂိုဏ်းကို စိန်ခေါ်တဲ့အပြုအမူတစ်ခုကို လုပ်ခဲ့ရာကနိုရန်ဂိုဏ်းက ချင်မင်းဆက်နဲ့ပူးပေါင်းပြီး မင်းသားဆာဒိုကို လုပ်ကြံဖို့ ကြိုးစားခဲ့ပါတယ်။မင်းသားဆာဒိုရဲ့အသက်အန္တရာယ်ကိုကာကွယ်ဖို့ ဂျိုဆွန်းပြည်ရဲ့မင်းကြီးဟာ နိုရန်ဂိုဏ်းနဲ့သဘောတူညီချက်ရယူပြီးအိမ်ရှေ့စံမင်းသားရဲ့အရင်းနှီးဆုံးအမှုထမ်းဖြစ်တဲ့ ဘဲ့ဆာဂွန်းကို အစားထိုးအပြစ်ဒဏ်ခံယူခိုင်းခဲ့ပါတယ်။
ဘဲ့ဆာဂွန်းက အပြစ်ဒဏ်ကိုကျေကျေနပ်နပ်လက်ခံယူခဲ့ပေမဲ့သူ့ရဲ့မမွေးသေးတဲ့ကလေးနဲ့ မိန်းမကို ကာကွယ်ပေးဖို့ သူ့ရဲ့သူငယ်ချင်းဖြစ်တဲ့ ဂျိုဆွန်းရဲ့အတော်ဆုံးဓားသူတော်၊ ဂင်ဂွမ်ထက်ကို တောင်းဆိုခဲ့ပါတယ်။ဂင်ဂွမ်ထက်ရဲ့ကာကွယ်ပေးမှုကြောင့် ကလေးကို အောင်အောင်မြင်မြင်မွေးဖွားနိုင်ခဲ့ပြီး ဒုံဆူလို့ နာမည်ပေးခဲ့ပါတယ်။ ဒါပေမဲ့ မွေးပြီးချင်းချင်းမှာပဲ ရဲမက်တွေက ကလေးကိုရှာတွေ့သွားပြီး ကလေးကို ရေပူအိုးထဲထည့်ပြီး အပြစ်ဒဏ်ပေးခါနီးမှာ ဓားသူတော်ဂင်ဂွမ်ထက်ဟာ သူ့လက်တစ်ချောင်းကိုအဖြတ်ခံပြီး ကလေးကိုကယ်တင်ပေးခဲ့ပါတယ်။လက်တစ်ချောင်းကို အဆုံးရှုံးခံပြီး ကလေးနဲ့ထွက်ပြေးလာခဲ့ပေမဲ့ လမ်းမှာ ခြုံခိုတိုက်ခိုက်ခံရပြီးတော့ ကလေးကပျောက်သွားခဲ့ပါတော့တယ်။ကလေးက ဘယ်လိုနေရာမှာကြီးပြင်းလာပြီးတော့ သူ့ရဲ့အိမ်မက်ဖြစ်တဲ့ ဂျိုဆွန်းရဲ့အတော်ဆုံးဓားသူတော်ဖြစ်ဖို့ ဘယ်လိုကြိုးစားမလဲဆိုတာ ဇာတ်လမ်းထဲမှာ ကြည့်ရှုခံစားလိုက်ကြပါဦးနော်ဇာတ်အိမ်ကောင်းကောင်းနဲ့ မင်းသားကြီးတွေပါဝင်သရုပ်ဆောင်ထားပြီး ကြည့်မိရင် လုံးဝနောင်တမရစေမယ့် ဇာတ်လမ်းကောင်းတစ်ခုပဲဖြစ်ပါတယ်။

Show more...