A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Movie plot

The Plot: အကွက်ကျကျ လူသတ်တဲ့ကားတွေ ကြိုက်နှစ်သက်တဲ့သူတွေအတွက်တော့ထိပ်ထိပ်ကြဲတွေဖြစ်တဲ့ Kang Dong Won , Lee Jong Suk, Lee Mi Suk,Lee Moo Saeng တို့လို မင်းသားမင်းသမီးကြီးတွေ ပါဝင်ထားတဲ့
The Plot ဆိုတဲ့ ရုပ်ရှင်က ကွက်တိဖြစ်မှာ အသေချာပါပဲ…ဇာတ်လမ်းအညွှန်း-ကြေးစားလူသတ်တဲ့အဖွဲ့အစည်းတစ်ခုရှိတယ်…..သူတို့က တခြားသူတွေလို ချောင်းမြောင်းသေနတ်နဲ့ ပစ်ခတ်တာမျိုးထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ပြီး သတ်ဖြတ်တာမျိုးတွေမလုပ်ဘူး…ဘာလို့ဆို ဒီလိုမျိုးလုပ်ရပ်တွေဟာ သဲလွန်စပေါင်းများစွာကျန်တတ်တာကြောင့်အလွယ်တကူ ရဲတွေခြေရာခံနိုင်ပြီး တရားခံကို အချိန်တိုအတွင်းဖမ်းဆီးနိုင်တာကြောင့်ပါပဲ..ဒါ့ကြောင့် သူတို့အဖွဲ့ဟာ အလုပ်အပ်သူရှိရင် ပစ်မှတ်ရဲ့ နေထိုင်မှုပုံစံကို စနစ်တကျလေ့လာပြီးမတော်တဆမှုပုံစံနဲ့သေသွားအောင် ဖန်တီးလေ့ရှိပါတယ်…ဉပမာ ယာဉ်မတော်တဆမှု၊ ဓာလိုက်သေဆုံးမှု၊ အမြင့်ပေါ်က မတော်တဆပြုတ်ကျမှု၊စသည့် မတော်တဆမှုပေါင်းများစွာပေါ့…ဒီလိုမတော်တဆမှုဖြစ်အောင် ဖန်တီးရတာ တကယ်တော့မလွယ်ပါဘူး…အလုပ်ဖြစ်မြောက်သွားရင်လည်း သူတို့အဖွဲ့ကို လုံးဝ ရဲတွေမရိပ်မိဘဲနေနိုင်သလိုအလုပ်အပ်တဲ့သူအတွက်လည်း သံသယဖြစ်စရာမလိုအောင် ဆက်လက်နေထိုင်နိုင်တာမို့အလုပ်အပ်ကြေးမြင့်မားလှသလို တကယ့်ထိပ်သီးနိုင်ငံရေးသမားတွေ စီးပွာရေးသမားတွေကသာသူတို့ကိုအလုပ်အပ်နိုင်တာမျိုးဖြစ်ပါတယ်…ဒီလိုနဲ့ ဒီကြေးစားအဖွဲ့ထဲက အဖွဲ့ဝင်တွေက သူတို့နည်းလမ်းအတိုင်း မတော်တဆမှုဖြစ်ဟန်တွေနဲ့ပြန်လည်အသတ်ခံလာရတဲ့အချိန်မှာတော့….မှုခင်းကားကိုမှ ခေါင်းစားရပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ဇာတ်လမ်းမျိုးကိုကြိုက်တဲ့သူအတွက်လုံးဝလက်မလွှတ်သင့်တဲ့ ကားဖြစ်ပါတယ်…

The story is about a hitman named Brain who suffers an accident during a murder and struggles to survive while suspecting everyone around him to find out who is behind the accident after barely surviving.

Show more...