A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Movie plot

Waitress: ဇာတ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။လူရယ်လို့ ဖြစ်လာရင် ရွေးချယ်မှုဆိုတာရှိကြစမြဲပါ။ရွေးချယ်ခွင့်မရှိတဲ့အခြေအနေမှာတောင် ရွေးချယ်မှုရှိနေတာပါပဲ။
အရေးကြီးတာက ကိုယ့်ရဲ့ရွေးချယ်ခွင့်ကို ကိုယ်ကိုကိုယ်တိုင်ကလက်လွှတ်မခံလိုက်ဖို့ပါပဲ။ ဒီဇာတ်ကားလေးမှာတော့ ဂျန်နာဟာ သိပ်ကိုထိန်းချုပ်တတ်ပြီးတစ်ကိုယ်ကောင်းဆန်လွန်းတဲ့ယောကျာ်းနဲ့ပေါင်းသင်းနေရတဲ့ပိုင်မုန့်လုပ်ရာမှာ ထူးချွန်လွန်းတဲ့ စားပွဲထိုးမလေးတစ်ယောက်ပါ။သူမဘဝမှာ အမြဲလိုလို အကြောက်တရားနဲ့စိတ်ဆင်းရဲမှုတွေနဲ့ပြည့်နေတတ်ပေမဲ့ တစ်ခုတည်းသောရည်မှန်းချက်လေး ရှိနေပါသေးတယ်။ အဲဒါကတော့ ငွေစုပြီး သူ့ယောကျာ်းဆီက ထွက်ပြေးဖို့ပါပဲ။ဒါပေမဲ့ နဂိုကံဆိုးတဲ့ဘဝမှာမှ ထပ်ဆင့်ကံဆိုးပြန်ပါတယ်။အဲဒါကတော့ ကလေးရသွားတာပါပဲ။သူ့ဘဝက ကံကောင်းချင်‌ေတာ့ ပိုက်ဆံကောက်ရတယ်ကံဆိုးချင်တော့ ချော်လဲလို့ သုံးလိုက်ရတယ် ဆိုတာမျိုးပါပဲ။အတက်အကျမဲ့ ကံ‌တောက်လျှောက်ဆိုးနေရာကနောက်ဆုံးတော့ သူ့ရဲ့မီးယပ်ဆရာဝန်နဲ့ ကြိုက်မိသွားပါလေရော။ဒီလိုနဲ့ တစ်ဖက်ကဆိုးလွန်းတဲ့ယောကျာ်း၊ တစ်ဖက်ကတော့နူးညံ့တဲ့ ဆရာဝန်လေး၊ နောက်တစ်ဖက်ကလည်းလူသိမခံနိုင်တဲ့ ဖောက်ပြန်မှု ဒါတွေကြားဂျန်နီတစ်ယောက် ဘယ်လိုရွေးချယ်မှုတွေဖန်တီးပြီးအဆုံးသတ်မှာ လွတ်မြောက်ပြီး ပျော်ရွှင်သွားနိုင်မလားဆိုတာတော့ကိုယ်တိုင်ပဲတက်လက်ကြည့်ရှုအားပေးလိုက်ပါဦးနော်။

Show more...