Tiger Wolf Rabbit: ကလေးခိုးခံရတဲ့အတွက် ရင်ကွဲနေရတဲ့ အမုန်းတရားတွေနဲ့ပြည့်နေတဲ့
လူ(၃)ယောက်ရဲ့ ကလေးရှာဖွေတဲ့ ခရီးစဉ်အကြောင်းကို
ရိုက်ထားတဲ့ဒရာမာဇာတ်ကားလေးပဲဖြစ်ပါတယ်။ဘာမှမသက်ဆိုင်တဲ့ သာမန်မိဘ(၃)ယောက်ဟာ တူညီတဲ့ရည်ရွယ်ချက်တစ်ခုအတွက်
အတူဆုံလာခဲ့ကြတယ်။ သူတို့ကတစ်လမ်းလုံးမှာ တစ်ယောက်နဲ့တစ်ယောက်
သံသယတွေနဲ့ မှန်းဆရင်းကနေ တစ်ဖြည်းဖြည်းတစ်ယောက်နဲ့တစ်ယောက်ယုံကြည်လာခဲ့ကြတယ်။
အများအမြင်မှာတော့ အသက်မဲ့တဲ့အကြည့်တွေနဲ့ ကလေးပျောက်ဆုံးသွားတဲ့
မိဘတွေလို့ထင်ကြပေမယ့် တကယ်တမ်းတော့ သူတို့ဟာ ကိုယ့်သားသမီးအတွက်
ခေါင်းမာတဲ့၊ သန်မာတဲ့၊ ဇွဲမလျှော့တဲ့ မိဘတွေဖြစ်ကြောင်းကိုပြသွားခဲ့ပါတယ်။
အခက်အခဲတွေ အန္တရာယ်တွေအမျိုးမျိုးကျော်ဖြတ်ရတဲ့
သူတို့ရဲ့ကလေးပျောက်ရှာတဲ့ခရီးဟာ အဆုံးမှာဘယ်လိုရလာဒ်တွေကစောင့်ကြိုနေမှာလဲ။ဇာတ်လမ်းတွဲတွေမှာ ပီပြင်တဲ့သရုပ်ဆောင်ချက်တွေကြောင့်ချီးကျူးခံရတဲ့
မမZhao Li Ying က ဒီရုပ်ရှင်မှာပါ သူ့ရဲ့သရုပ်ဆောင်စွမ်းရည်တွေကိုချပြထားပါတယ်။
Cui Dalu (played by Xiao Yang), Li Hongying (played by Zhao Liying), and Zhao Zishan (played by Liu Ye) have each lost a child and become entangled with one another through a fateful deal. Their eyes are soulless, their hearts filled with hatred, and each harbors their own motives as they embark on a journey of revenge to find their lost children. Along the way, they encounter one bizarre and dangerous crisis after another.