A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Movie plot

Lost But Win: ဆယ်စုနှစ်တစ်ခုလုံး ဆိုင်ကယ်‌ပြိုင်ပွဲတိုင်းမှာ
ရှုံးပွဲမရှိ ချန်ပီယံဆုချည်းပဲရခဲ့တဲ့ အားဟွာ
အရင်က ဖုန်းယွင်ဆိုင်ကယ်အသင်းမှာ ညီအစ်ကိုဖြစ်ခဲ့ပေမဲ့
ဆယ်စုနှစ်တစ်ခုလုံးမပြောမဆိုပျောက်ကွယ်သွားခဲ့တဲ့ အားထန်အားဟွာနဲ့အားထန်တို့၂ဦးဟာ ဖုန်းယွင်ဆိုင်ကယ်အသင်းရဲ့
အားကိုးရတဲ့ ပြိုင်ပွဲဝင်တွေဖြစ်ပြီးတော့ အကြောင်းအရင်းအမျိုးမျိုးကြောင်း
အားထန်ကမပြောမဆိုပျောက်သွားပြီး အားဟွာတစ်ယောက်တည်း
အသင်းနာမည်ကိုဆက်လက်ထိန်းသိမ်းခဲ့ရပါတယ် ။
ဒီလိုနဲ့အားဟွာတစ်ယောက်ဆယ်စုနှစ်တစ်ခုလုံး
ဆိုင်ကယ်မောင်းတာကိုလက်မလျှော့ခဲ့ဘဲ ချန်ပီယံဆုတွေချည်းယူခဲ့ပါတယ် ။
တစ်နေ့မှာတော့ ဟောင်ကောင် -ကျူးဟိုင်-မကာအို
စူပါချန်ပီယံဆုပြိုင်ပွဲကြီးမှာ အားဟွာက ချန်ပီယံဆုထပ်ရသွားခဲ့ပါတယ် ။
အဲဒီ‌နေ့မှာ ဆယ်နှစ်လောက်သတင်းမရ ပျောက်ကွယ်သွားခဲ့တဲ့
အားထန်ကပြန်ပေါ်လာပြီးတော့
ချန်ပီယံအားဟွာကိုစိန်ခေါ်မည်ဖြစ်ကြောင်း ပြောဆိုသွားခဲ့ပါတယ် ။ဇာတ်လမ်းထဲမှာတော့ ဇာတ်လမ်းနာမည်အတိုင်း Lost but win
ဘယ်လိုဖြစ်သွားမလဲဆိုတာရယ် ၊ ငယ်ငယ်ကတည်းက ဘယ်တော့မှ
အားဟွာကိုမနိုင်ခဲ့တဲ့ အားထန်တစ်ယောက်
ဘယ်လိုအနိုင်ယူသွားမလဲဆိုတာကို
စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်လို့ အဆုံးထိကြည့်ရှုဖို့မမေ့ပါနဲ့နော် ။

Show more...