A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Prev
Next
Autoplay next episode: On
Light Off
Report
28 view
Server Option:Server HY
Server HY

Earth Arcade : ဒီတစ်ခါမှာတော့ tvN ရဲ့ နာမည်ကြီး Variety Show ဖြစ်တဲ့Earth Arcade ကို တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။Na PD ဆိုတာနဲ့ KVariety Show နယ်ပယ်ထဲမှာအောင်မြင်တဲ့ ရသစုံရှိုးတွေရဲ့ ဇာတ်လိုက်ကျော်ကြီးဆိုတာကို တန်းသိကြမှာပါ။Na PD ဦးဆောင်တဲ့ Earth Arcade ကို Main cast တွေအဖြစ် ၄ယောက်စုံတာနဲ့ထိန်းမနိုင်တော့တဲ့ IVE အဖွဲ့မှ Ahn YuJin၊ Rapper Lee YoungJi၊Oh My Girl အဖွဲ့မှ MiMi နဲ့ Comedian Lee Eunji တို့နဲ့အတူ ရိုက်ကူးထားပါတယ်။ဒီ Show လေးရဲ့ concept ကတော့ “တစ်နေ့ လကမ္ဘာကနေ အငြိမ်မနေနိုင်ဘဲကမ္ဘာမြေပေါ်ကို ထွက်ပြေးလွတ်မြောက်လာတဲ့ ယုန်တစ်ကောင်ကိုယုန်ပိုင်ရှင် ဧကရာဇ်ကြီးက ရှာဖွေပေးဖို့ ဆုကြေးငွေထုတ်ခဲ့တဲ့အတွက်ကမ္ဘာမြေသူရဲကောင်း ၄ဦးကနေ နိုင်ငံပေါင်းစုံကို ခြေဆန့်ပြီး ဖိုးရွှေယုန် ရှာဖွေခန်းဖွင့်မှာပဲဖြစ်ပါတယ်။Na PD တို့အဖွဲ့ရဲ့ မစ်ရှင်ပေါင်းစုံ ဂိမ်းပေါင်းစုံနဲ့အတူ ထိန်းမနိုင်သိမ်းမရ အမွှေစိန် ၄ယောက်ရဲ့ရသစုံပေးစွမ်းတဲ့အပြင် ယုန်ရှာရင်း ‌ထွက်လာခဲ့တဲ့ နိုင်ငံတွေရဲ့ ဒေသန္တရဗဟုသုတတွေအစားအသာက်နဲ့ ယဉ်ကျေးမှုတွေကိုပါ သိရှိရဦးမှာပါ။ပူအိုက်တဲ့ နွေရာသီမှာ Earth Arcadeနဲ့အတူ ရယ်မောနိုင်စေဖို့အတွက် အကောင်းဆုံး ဖန်တီးတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက် အတူ ယုန်ရှာပုံတော်ထွက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

Other parts :
None !
Subscribe
Notify of
guest

0 Comments
Inline Feedbacks
View all comments