A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Movie plot

Fallout: ကမ္ဘာကျော် အက်ရှင် သိပ္ပံ ဂိမ်းကြီးတစ်ခုဖြစ်တဲ့ Fallout ကိုအခြေခံတဲ့ စီးရီးအသစ်လာပါပြီ။ Halo စီးရီးလိုပဲ ဇာတ်လမ်းကောင်းကောင်း ရိုက်ချက်ကောင်းကောင်းနဲ့တင်ဆက်ထားတာပါ။ ပစ်တာခတ်တာ ဖောင်းဒိုင်းတာတွေ ကြမ်းလို့ ကလေးတွေ မပြသင့်ပါဘူး။

ဇာတ်လမ်းအကျဉ်း

အနုမြူစစ်ပွဲကြီးဖြစ် ကမ္ဘာကြီးပျက်သွားပြီး နှစ် ၂၀၀ ကျော်အကြာကို အခြေခံထားတာပါ။ ကမ္ဘာမျက်နှာပြင်ပေါ်က အနုမြူရောင်ခြည်တွေကြောင့် မြေအောက်မှာ အလုံခန်းကြီးတွေဆောက်နေတဲ့ အလုံခန်းသားတွေရှိမယ်၊ ကမ္ဘာပေါ်မှာပဲ ခပ်ကြမ်းကြမ်းအသက်ရှင်နေတဲ့ မြေပေါ်သားတွေရှိမယ်။ အလုံခန်းတွေကို လိုက်ဓားပြတိုက်နေတဲ့သူတွေ၊ မြေပေါ်က သန္ဓေပြောင်းကောင်တွေ စသဖြင့် အန္တရာယ် အစုံရှိပါတယ်။

ဇာတ်လမ်းအစမှာတော့ အလုံခန်း-၃၂ ရဲ့ အုပ်ကြီးဖြစ်သူကို မြေပေါ်ဓားပြတွေက ဖမ်းသွားပါတယ်။ အလုံခန်းသားတွေကလည်း ကြောက်လို့လိုက်မကယ်ချင်ကြသလို၊ ခေါင်းဆောင်ကိုသွားကယ်လိုက်ရင် သူတို့ခေါင်းဆောင်မလုပ်ရမှာစိုးလို့ မကယ်ကြပါဘူး။ အုပ်ကြီးရဲ့ သမီးကတော့ မြေပေါ်ကို ခိုးတက်သွားပြီး သူ့အဖေကို လိုက်ရှာပါတော့တယ်။ တချိန်တည်းမှာပဲ သံမဏိအဖွဲ့ဆိုတဲ့ နည်းပညာထိန်းချုပ်ရေးအဖွဲ့ကလည်း သူတို့ရဲ့ စစ်သည်တော်တွေ စစ်သည်တော်လက်ထောက်တွေနဲ့ စစ်ဆင်ရေးတစ်ခု လွှတ်လိုက်ချိန်မှာ တိုက်ဆိုင်ပြီး ဘာစွန့်စားခန်းတွေဆက်ဖြစ်ကြမလဲ ကြည့်ရမှာပါပဲ။

Season 1 မှာတော့ အပိုင်း၈ပိုင်း ပါရှိပြီး ကျန်ရှိနေတဲ့အပိုင်းများကိုလည်း ဆက်လက်တင်ဆက်ပေးသွားပါမယ်……

Show more...