A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Movie plot

Scott Pilgrim Takes Off : Netflixကနေပြီးတော့ ကြည့်လို့ကောင်းတဲ့ နောက်ထပ်spin off seriesလေးတစ်ခုတင်ဆက်လိုက်ပြန်ပါပြီ။မူရင်း Scott Pilgrim Comicကိုအခြေခံကာ adventureaction animationစီးရီးအဖြစ်ထွက်ရှိလာတာဖြစ်ပြီးအသံသရုပ်ဆောင်ပေးထားတဲ့ actorsတွေကလည်း၂၀၁၀ခုနှစ်က Scott Pilgrim vs. the Worldဇာတ်ကားထဲကသရုပ်ဆောင်တွေပါပဲ။ဆိုတော့ကပ္ပတိန်အမေရိကChris Evans၊ကပ္ပတိန်မာဗယ်Brie Larsonစတဲ့ ပရိသတ်အကြိုက် သရုပ်ဆောင်တွေလည်းပါတာပေါ့။ဇာတ်လမ်းအကျဥ်းကို ဆက်ကြပါစို့…။Scott Pilgrimဆိုတာကတော့ Ramona Flowersဆိုတဲ့ကောင်မလေးကို ကြိုက်မိတဲ့ အလုပ်အကိုင်မရှိနဲ့ဂစ်တာတီးဝိုင်းကကောင်လေးတစ်ယောက်ပါ။ဘယ်လောက်ကြိုက်မိလဲဆိုရင် အိပ်မက်ထဲအထိတောင်ထည့်မက်ရအောင်ကြိုက်ပါတယ်။သူအဲ့လောက်ကြိုက်မယ်ဆိုရင်လည်း ကြိုက်ချင်စရာပဲဗျ…ဘာလို့ဆို anmiatedပုံစံနဲ့ Ramonaလေးက အတော်ကိုချစ်စရာကောင်းတဲ့ပုံစံလေးပါ။သို့ပေမယ့် ဒီကောင်မလေးကို‌ လွယ်လွယ်နဲ့ကြိုက်ချင်တိုင်းကြိုက်လို့မရအောင် လိုက်နှောင့်ယှက်တဲ့သူတွေရှိနေပါတယ်…။သူတို့တွေကတော့ Ramonaရဲ့ ရည်းစားဟောင်း ဇိုး၇ယောက်နဲ့ဖွဲ့စည်းထားပြီး ရှေ့လူထက်နောက်လူ လက်စွမ်းထက်တဲ့ရည်းစားဟောင်းဇိုးများအဖွဲ့ပဲဖြစ်ပါတယ်။Ramonaကို ကြိုက်ချင်ရင် ဒီရည်းစားဟောင်း ဇိုး၇ယောက်ကိုအနိုင်ယူပြီးမှ ကြိုက်လို့ရပါမယ်…။ဒီတော့ Scott Pilgrimတစ်ယောက် Ramonaနဲ့လက်တွဲနိုင်ဖို့အတွက်ရည်းစားဟောင်းဇိုးများအဖွဲ့ကို အနိုင်ယူနိုင်ပါ့မလား…။အကယ်၍များ အနိုင်မယူနိုင်ဘဲ အသက်သေဆုံးသွားခဲ့ရင်ရောဇာတ်လမ်းကဘယ်လိုဆက်မလဲ…စတာတွေကို action ဆန်ဆန်
မြင်တွေ့ရမှာမို့ ကြည့်ဖြစ်အောင်ကြည့်သင့်တဲ့ စီးရီးလေးပါပဲ…။

Show more...