A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Jurassic World: Chaos Theory Trailer
Watch
Movie plot

Jurassic World: Chaos Theory – ဒီဇာတ်လမ်းတွဲလေးကတော့ Jurassic Park ပျက်စီးသွားပြီးနောက်ပိုင်းကို ရိုက်ပြတင်ဆက်ထားတဲ့ ဇာတ်လမ်းတွဲလေးပါ…..

Jurassic Park ပျက်စီးသွားတဲ့အချိန် ဒိုင်နိုဆောတွေပြည့်နှက်နေတဲ့ ကျွန်းပေါ်မှာ ကျန်ခဲ့လို့ အားလုံးက ‌ေ-သပြီဆိုပြီး ယူဆထားတဲ့ Nublar Six ဆိုတဲ့ ဆယ်ကျော်သက်လေး ၆ယောက်ကတော့ မယုံနိုင်လောက်အောင်ပဲ အသက်ရှင်သန်နိုင်ခဲ့ပါတယ်……အဲဒီအချိန်မှာ လူတွေကလည်း ဒိုင်နိုဆောတွေနဲ့ အတူယှဉ်တွဲနေထိုင်နေကြပြီး သူတို့ကိုတော့ DPW လို့ခေါ်တဲ့ ကမ္ဘာဦးသားရိုင်းတိရိစ္ဆာန်ထိန်းသိမ်းရေး ဌာနကနေ တာဝန်ယူကြီးကြပ်ပေးထားပါတယ်……

Nublar Six အဖွဲ့ထဲက ဘရွတ်ကလင်းဆိုတဲ့တစ်ယောက်ကတော့ ကျွန်းပေါ်မှာ ရှင်သန်အောင်နေနိုင်ခဲ့ပြီးမှ မြို့ပေါ်မှာ ဒိုင်နိုဆောကြောင့် အသက်ဆုံးရှုံးသွားခဲ့ရပါတယ်……သူတို့၆ယောက်လည်း တစ်ယောက်တစ်နေရာစီ ကိုယ့်ဘဝနဲ့ ရှင်သန်နေတုန်းမှာပဲ သူတို့ထဲက ဘန်ဂျမင်ဆိုတဲ့ တစ်ယောက်က ဘရွတ်ကလင်း သေဆုံးရတာ သွေးရိုးသားရိုးတိုက်ဆိုင်မှုမဟုတ်ဘဲ လုပ်ကြံခံရတာပါလို့ သံသယဝင်ရင်းစုံစမ်းရာမှ လူတစ်ယောက်က သူတို့ကို လိုက်ရှာရှင်းလင်းနေတယ်လို့ ယုံကြည်သွားခဲ့မိပါတယ်……အဲဒီနောက်ပိုင်းမှာတော့ သူ့ရဲ့ သူငယ်ချင်းတွေကို သတိလိုက်ပေးရင်း ဘရွတ်ကလင်းကို ဘယ်သူသ-တ်တာလဲ ဘာကြောင့်သ-တ်တာလဲဆိုတာ စွန့်စားခန်းတွေဖွင့်ပြီး ရှာဖွေစုံစမ်းမှာဖြစ်တာကြောင့် စိတ်ဝင်စားစရာကောင်းပြီး ကြည့်ရတန်မဲ့ ဇာတ်လမ်းတွဲလေးပါပဲ……

Darius Bowman, a young paleontologist, discovers live dinosaurs in California’s wilderness.

Show more...