A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Movie plot

Sunshine: အာကာသခရီးသွား ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီး ရုပ်ရှင်ဒါရိုက်တာကို ရှာကြည့်တဲ့အခါမှာ 28 Days Later, Slumdog Millionaire, Yesterday စသဖြင့် ပရိသတ်ကြိုက်ကားတွေကို ရိုက်ဖူးတဲ့ Danny Boyle ဆိုသူ ဖြစ်နေတယ့်အပြင် သရုပ်ဆောင်တွေအနေနဲ့လည်း လက်ရှိအော်စကာရထားတဲ့ Cillian Murphy အပါအဝင် မြန်မာနိုင်ငံသားတိုင်းသိကြတဲ့ The Lady က မီရှဲလ်ယို၊ Chris Evans, Benedict Wong စသဖြင့် စုံစုံလင်လင် အားဖြည့်ထားတာကို တွေ့ရပါတယ်ဇာတ်လမ်းကို ၂၀၅၇ မှာ တည်ထားပြီး နေမင်းဟာ ပျက်စီးလုဆဲဆဲ ကမ္ဘာမြေအေးခဲပြီး လူသားမျိုးနွယ်ပျက်သုဥ်းမယ့် အရေးကို ကြုံနေရပါတယ် သိပ္ပံပညာရှင်တစ်သိုက်က Icarus 1 ကို မောင်းနှင်ပြီး နေကို အနုမြူဗုံးဖောက်ခွဲ အသက်သွင်းဖို့ လုပ်ဆောင်ခဲ့ပေမယ့် မအောင်မြင်ခဲ့လို့ ၇ နှစ်အကြာမှာ အဖွဲ့ဝင် ၈ ယောက်ပါ Icarus အမှတ် 2 နဲ့ နောက်တစ်ကြိမ် နေကို အသက်သွင်းဖို့ ကြိုးစားကြပါတယ်
အာကာသကားဆိုတော့ ထုံးစံအတိုင်း ခရီးစဥ်မှာ မမျှော်လင့်ထားတဲ့ အန္တရာယ်တွေ၊ စွန့်လွှတ်အနစ်နာခံရမှုတွေ၊ ပဋိပက္ခတွေ စသဖြင့် ကြုံရတာပေါ့ဗျာ သိပ္ပံဇာတ်လမ်းချည်းမဟုတ်ပဲ Drama ပိုင်းကိုလည်း သေချာ လေးနက်အောင် ရိုက်ကူးထားတဲ့ ကားလေးမို့ ဒေါင်းကြည့်လိုက်ပါဦး

Show more...