A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Movie plot

Pompeii: 79 CE လောက်မှာ အီတလီနိုင်ငံက ရိုမန်အင်ပါယာလက်အောက် မြို့တော် Pompeii ဟာ
အနားမှာ တည်ရှိတဲ့ မီးတောင် Mount Visuvius ရုတ်တရက် ပေါက်ကွဲခဲ့တဲ့အတွက်လူပေါင်းများစွာ သေကြေပျက်စီးခဲ့ရပြီး ၁၆ ရာစုနှောင်းပိုင်းပြန်လည်ရှာဖွေဖော်ထုတ်ထားခဲ့တဲ့ သမိုင်းဖြစ်ရပ်မှန် အကြောင်းတစ်ခုပါ။
ဒီဇာတ်ကားလေးကတော့ Resident Evil ရုပ်ရှင်တွေ ဆက်တိုက်ရိုက်ကူးခဲ့တဲ့ဒါရိုက်တာ Paul WS Anderson တစ်ယောက်ဒီ ဖြစ်ရပ်မှန်ကို ကိုးကားထည့်သွင်းပြီး ပြည်သူ့အချစ်တော် GOT ကJon Snow သရုပ်ဆောင်ဖြစ်တဲ့ Kit Harington ကိုခေါင်းဆောင်တင်ကာ ရိုက်ကူးထားတဲ့ သမိုင်းနောက်ခံ အချစ် စွန့်စားခန်း ရုပ်ရှင်လေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ပျက်စီးခြစားမှုတွေနဲ့ ရိုမန်လက်အောက်ခံခေတ်Pompeii မြို့က Gladiator လေး Milo ဟာ မျိုးရိုးမြင့်မိသားစုကကောင်မလေးနဲ့ ချစ်သူ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း မိဘဖြစ်သူတွေက ရိုမန်အမတ်ဆိုးတစ်ယောက်နဲ့ လက်ထပ်ပေးဖို့စီစဉ်နေတဲ့အချိန် အနားက မီးတောင်ကြီးကလည်း ရုတ်တရက်ထပေါက်ကွဲတဲ့အချိန် Milo တစ်ယောက် ချစ်သူလေးကိုသူစိမ်းလက်မရောက်အောင် မီးတောင်ပေါက်တဲ့ကြားကနေ စွန့်စားမှုတွေပြုလုပ်သွားရမှာကို စိတ်ဝင်စားစွာ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။Sucker Punch ရုပ်ရှင်ထဲက ချစ်စရာလည်းကောင်း သောက်ရမ်းလည်း ကြမ်းတဲ့Baby Doll မင်းသမီးလေး Emily Browning လေးပဲ ပါဝင်ထားပါသေးတယ်။

Set in 79 A.D., POMPEII tells the epic story of Milo (Kit Harington), a slave turned invincible gladiator who finds himself in a race against time to save his true love Cassia (Emily Browning), the beautiful daughter of a wealthy merchant who has been unwillingly betrothed to a corrupt Roman Senator. As Mount Vesuvius erupts in a torrent of blazing lava, Milo must fight his way out of the arena in order to save his beloved as the once magnificent Pompeii crumbles around him. Written by Sony Pictures Entertainment

Show more...