A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Movie plot

Hick: ချစ်စရာမင်းသမီးချောလေး Chloe Grace Moretz ငယ်စဉ်က
ပါဝင်သရုပ်ဆောင်ခဲ့တဲ့ 2011 ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ဇာတ်ကားဟောင်းလေးတစ်ကားကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။
ဇာတ်ကားနာမည်ကတော့ Hick ဖြစ်ပြီး IMdb Rating 5.5အထိရရှိထားပါတယ်။ဒရာမာ ဟာသအမျိုးအစားဖြစ်ပြီးအိမ်နဲ့ဝေးနေတဲ့အိမ်ပြေးလေးတွေအတွက်ပိုကြည့်ကောင်းမဲ့ဇာတ်ကားလေးဖြစ်ပါတယ်။နယ်မြို့လေးမှာ မိဘဖြစ်သူတွေနဲ့အတူနေထိုင် လူလီဆိုတဲ့ကောင်မလေးတစ်ယောက်က တစ်နေ့မှာတော့ အိမ်ကမိဘတွေရဲ့ဖိအားတွေကြောင့်အိမ်ပေါ်ကဆင်းလာခဲ့ပြီး သူ့အိပ်မက်ဖြစ်တဲ့လက်စ်ဗီးဂက်စ်ကိုသွားဖို့တစ်ယောက်တည်း ကားလမ်းမကြီးပေါ်လမ်းလျှောက်ထွက်လာခဲ့ပါတော့တယ်။ဒီလိုနဲ့လမ်းမှာလမ်းကြုံခေါ်ပေးမဲ့လူတစ်ယောက်နဲ့တွေ့ခဲ့ပြီး ကားကြုံလိုက်စီးခဲ့ပါတယ်။ဒါပေမယ့်အဲ့ဒီလူကထူးဆန်းနေတဲ့အတွက် လူလီတစ်ယောက်ချက်ချင်းဆင်းပြေးလာခဲ့ပါတော့တယ်။ဒီလိုနဲ့လမ်းမကြီးပေါ်မှာဆက်လျှောက်လာခဲ့ပြီးကားကြုံထပ်လိုက်စီးခဲ့ပါတယ်။ဒါပေမယ့်ဒီတစ်ခေါက်တော့ လမ်းကြုံတင်ခေါ်ပေးတဲ့သူက အမျိုးသမီးတစ်ယောက်ဖြစ်နေတဲ့အတွက် သူနဲ့အဆင်ပြေခဲ့ပြီး သူ့ရဲ့ လက်စ်ဗီးဂက်စ်ကိုသွားတဲ့ခရီးစဉ်မှာ ဘယ်လိုစွန့်စားခန်းတွေထပ်မံကြုံတွေ့သွားရဦးမလဲဆိုတာကိုကြည့်ရှုရမဲ့ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။

A young teenage girl escapes her life in Nebraska and her alcoholic parents, taking a pistol along for the ride. Along the way she meets Glenda, who takes her under her wing. Written by Anonymous

Show more...