A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Mr Vampire Saga 4 Trailer
Watch
Movie plot

Mr Vampire Saga 4 ၁ နဲ့ ၂ နဲ့ ၃ နဲ့ ၄ နဲ့ကအဆက်အစပ်မရှိပါဘူး။ဇာတ်လမ်းအညွှန်းအနေနဲ့ – လူသူမနီးတဲ့ခြံကွက်လေးထဲမှာအိမ်၂အိမ်ရှိပြီး အဲဒီ၂အိမ်မှာ ‌ဘုန်းတော်ကြီးတစ်ပါးနဲ့တောက်ဆရာတစ်ပါးတို့က တပည့်လေးတွေနဲ့ အိမ်နီးချင်းနေထိုင်လျက်ရှိပါတယ် ။ဆရာကြီးနှစ်ယောက်က အမြဲတမ်းပညာစမ်းကြရင်းနဲ့ သိပ်ပြီးတော့ မတည့်ကြပါဘူး။တစ်နေ့ကျတော့ နယ်စပ်ကနေနန်းမြို့တော်ကိုသယ်လာတဲ့ဘုရင့်ဆွေမျိုးဖုတ်ကောင်ပါတဲ့ ရွှေရောင်ခေါင်းတလားသယ်တဲ့သူတွေကသူတို့ ၂အိမ်ရှေ့ကနေဖြတ်သွားပါတော့တယ် ။အဲဒီခေါင်းတလားကိုတာဝန်ယူသယ်ပေးရတဲ့ တောက်ဆရာဖြစ်သူကလည်းခြံဝန်းထဲမှာနေတဲ့တောက်ဆရာကြီးရဲ့ဆရာတူညီလေးဖြစ်နေတော့ကောက်ညှင်းဝင်တောင်းရင်းစကားပြောဖြစ်ခဲ့ကြပါတယ် ။သူတို့ထွက်သွားတဲ့ညမှာပဲ မိုးတွေသည်းပြီး ခေါင်းတလာကိုပိတ်ထားတဲ့မန္တန်ဆေးမင်တွေ ‌အရောင်လွင့်ကုန်ပါတော့တယ် ။အဲဒါကြောင့်ပဲ ဖုတ်ကောင်က ခေါင်းတလားထဲကနေထွက်လာပြီးလူတွေလိုက်သတ်ပါတော့တယ် ။အဲဒီဖုတ်ကောင်ကြီးကိုဘယ်လိုတွေရှင်းကြမလဲ ? ဆရာကြီး၂ယောက်ကတကယ့်အရေးကိစ္စကြုံလာရင်ရော စည်းလုံးကြပါ့မလားဆိုတာကိုဟာသလေးနဲ့ပါ ယှဉ်တွဲရိုက်ကူးထားတာဖြစ်ပြီးဘယ်အချိန်ကြည့်ကြည့်မရိုးရဘူးမလို့အသစ်တစ်ခေါက်ကြည့်ရှုလိုက်ဖို့ တိုက်တွန်းလိုက်ပါရစေ

Show more...