အဖွဲ့ ဝင်ပါ။ Telegram HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Movie plot

Last Night at Terrace Lanes: ဒီနှစ် မှထွက်ရှိထားတဲ့ ဇာတ် ကား ဖြစ်ပြီး Comedy/Horror အမျိုး အစား ဖြစ် ပါတယ်။ အဆောက်အဦး တစ်ခုထဲမှာပိတ်မိနေပြီး သွေးဆာနေတဲ့လူသတ်သမားတွေလက်က လွတ် မြောက် ဖို့ကြိုးစားရတဲ့ Thriller/ Survival အမျိုး အစား လို့ ပြောလည်းရပါတယ်။ဇာတ်လမ်း အကျဥ်း ကတော့ Kennedy နဲ့ သူငယ်ချင်း Tess တိုဟာ မနက် ဖြန်ဆိုရင် အပြီးပိတ် သိမ်းတော့မှာဖြစ်တဲ့ Terrace Lanes ဘိုးလင်းရုံ ကြီးမှာ နောက် ဆုံး ညအနေနဲ့ အပန်းလာဖြေကြပါတယ်။ သူတို့ နဲ့အတူ ယောက်ျား လေး သူငယ်ချင်း နှစ်ယောက် လည်း ပါပါတယ်။ Kennedy ရဲ့အဖေဖြစ်သူ ဘိုးလင်းဝါသနာ ရှင် Bruce ကလည်း ဒီရုံ ကြီးမှာ ပဲ အလုပ် လုပ် နေသူဖြစ်ပါတယ်။ အဲဒီ ညမှာ ပဲ အစွန်း ရောက်အယူဝါဒ ဂိုဏ်း တစ်ခုက ဘိုး လင်း ရုံ ကြီးကိုပိတ်ဆို့တိုက်ခိုက်ပါတော့တယ်။ Kennedy နဲ့ သူ့အဖေ Bruce တို့ နှစ်ယောက်သား အကြမ်း ဖက် တွေလက်ထဲက လွတ် မြောက် ဖို့ ကြိုး စား ရပုံကို ဟာသ နှောပြီးရိုက်ကူးထားတာဖြစ်ပါတယ်။
ပေါ့ ပေါ့ပါး ပါးကြည့်ရှုလို့ရမဲ့ကားဖြစ်ပြီး Slasher ဆန် ပေမဲ့ သွေးထွက်သံယိုတွေ ဆိုး ဆိုး ဝါးဝါးမပါတာကြောင့် လူတိုင်း ကြည့် ရှုလို့ရမဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ Horror/ Thriller ကိုမှ Comedy အနည်းငယ် ရောထားတဲ့ ဇာတ်လမ်း မျိုး ကြိုက် နှစ်သက် သူတွေ ကြည့်ရှူသင့်တဲ့ဇာတ်ကားပါ။

Show more...