A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Oru Kadha Sollattaa Sir Trailer
Watch
Movie plot

Oru Kadha Sollattaa Sir: လွန်ခဲ့တဲ့နှစ်ပေါင်းများစွာ ဘုရင်ခေတ်လက်ထက်တုန်းက စုန်းမမင်းသမီးတစ်ပါးရှိခဲ့တယ်
ကလေးတွေရဲ့နှလုံးသားနဲ့ဆေးဖော်ပြီး ထာဝရနုပျိုအောင်လုပ်ခဲ့သူပေါ့ အနီးအနားရွာတွေ
ကလေးတွေပျောက်နေပေမဲ့ဘာဆက်ဖြစ်မှန်းမသိရတာနဲ့ အတိတ်နဲ့အနာဂတ်ကိုကျွမ်းကျင်ပိုင်နိုင်တဲ့
ဘုန်းတော်ကြီးတစ်ပါးဆီသွားရောက်မေးမြန်းခဲ့ကြတယ် အဖြစ်မှန်ကိုသိခဲ့ကြပေမဲ့
သူတို့မှာကတားဆီးနိုင်စွမ်းမရှိခဲ့ဘူးလေ ဘာလို့လဲဆိုတော့ ဒီစုန်းမကိုသတ်နိုင်တဲ့လူက‌မမွေးလာသေးလို့ပါပဲ
ဒီကလေးက လသစ်ထွက်မဲ့ညမှာမွေးလာမှာဖြစ်ပြီး သူတစ်ယောက်ပဲတားဆီးနိုင်မယ် သူမမွေးလာခင်ထိ
ဘာမှမတတ်နိုင်ဘူးလို့ ဘုန်း‌တော်ကြီးကဟောကိန်းထုတ်ခဲ့ပြီး ဂမ္ဘီရစာအုပ်ထဲ ချရေးခဲ့ပါတယ်လက်ရှိခေတ်…
ဇာတ်ညွှန်းရေး ဒါရိုက်တာအရမ်းဖြစ်ချင်နေတဲ့ ကာရူနာ ဒါပေမဲ့ရေးတဲ့ဇာတ်လမ်းတိုင်းကတိုတိုတုတ်တုတ်တွေမို့
ဒါရိုက်တာကြီးကအချိန်ယူပြီးကောင်းတာလေးရေးဆိုပြီးပြောလွှတ်လိုက်လေရဲ့ သူ့လိုရည်မှန်းချက်တူတဲ့သူငယ်ချင်း၂ယောက်လည်း
ရှိပါသေးတယ် သူတို့၃ယောက်က ဇာတ်ညွှန်းရေးမယ်ဆိုပြီး အိမ်တစ်လုံးသီးသန့်ငှားခဲ့တယ် ဒီအိမ်ကလည်း
ဈေးဘယ်လောက်ခေါ်ခေါ် မရောင်းဘဲတင်းခံထားတဲ့အိမ်ပါ ဒီအိမ်ကြီးမှာရောဘယ်လိုလျှို့ဝှက်ချက်တွေရှိနေမလဲ
ဒီအိမ်ထဲ‌ ၃‌ယောက်သားဇာတ်ညွှန်းရေးကြရင်း ကာရူနာ့အဘိုးထားခဲ့တဲ့ ဂမ္ဘီရစာအုပ်ထဲချရေးမိရာက
ရေးသမျှက လက်တွေ့ဖြစ်လာတဲ့အခါမှာတော့….( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် )

Three filmmakers start to write a story, but their writings turn into an awful reality. Spirits become intertwined in their tale with their mysterious past, concluding with Yamma, the King of Hell, making an appearance.

Show more...