Good Sam : ဒီတစ်ခါတော့ပရိသတ်ကြီးကို ၂၀၁၉ ထွက်
ရုပ်ရှင်ကားကောင်းတစ်ကားနဲ့မိတ်ဆက်ပေးပါရစေဇာတ်လမ်းကတော့ ၂၀၁၉ တုန်းက netflix ကနေထွက်ရှိထားခဲ့တဲ့ good sam ဆိုတဲ့ဇာတ်ကား
ကောင်းလေးပဲဖြစ်ပါတယ်Good Sam ဆိုတာကတော့ samaritan ရဲ့အတိုကောက်ဖြစ်ပြီးပရဟိတ အများကောင်းကျိုးဆောင်ရွက်နေသူတစ်ယောက်ဆိုတာအဓိပ္ပာယ်ပဲဖြစ်ပါတယ်…ဇာတ်လမ်းအကျဉ်းလေးကတော့ နယူးယောက်မှာ မီးလောင်မှုကားတိုက်မှု ဒီလိုသတင်းတွေကို ရွပ်ရွပ်ချွံချွံလိုက်စုံစမ်းလေ့ရှိတဲ့ သတင်းထောက်မလေး ကိတ် ကိုအခြေတည်ထားတာပါသူဟာဒီလိုအန္တရာယ်များတဲ့သတင်းတွေကိုလိုက်နေရင်းကနေတစ်နေ့တော့ ထူးဆန်းတဲ့သတင်းတစ်ပုဒ်ကို မမျှော်လင့်ပဲရရှိခဲပါတော့တယ် အမျိုးသမီးတစ်ယောက်သူ့အိမ်ရှေ့ကနေအိတ်တစ်အိတ်ကောက်ရခဲ့တာပါ ငွေသားကိုဒေါ်လာတစ်သိန်းပါတဲ့အိတ်တစ်အိတ်ပါ ဒီပမာဏက လူတစ်ယောက်ရဲ့ဘဝကိုတစ်ဆစ်ချိုးတင်မကပြောင်းလဲနိုင်တဲ့ပမာဏမလို့ ရရှိတဲ့သူတွေကိုရော ပေးနိုင်တဲ့သူကိုပါ ကိတ်ကစိတ်ဝင်စားလာတဲ့အခါသူကြိုးကြိုးစားစားလိုက်လံစုံစမ်းပေမဲ့လည်း အလှုုရှင်ကအမည်မသိအနေနဲ့ပဲနောက်ထပ်အိတ်တွေလည်းချထားပေးလာပါတယ် ဒီလိုနဲ့ အမှုကိုစုံစမ်းရင်း စုံစမ်းရင်းနဲ့……..Spoiler ဖြစ်သွားမှာစိုးတဲ့အတွက်ဒီလောက်နဲ့တင်ရပ်ထားလိုက်ပါဦးမယ်အားလုံးအတွက်ကြည့်ဖို့အဆင်ပြေတဲ့ comedy romance dramaကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်
When intrepid New York City TV news reporter Kate Bradley (Tiya Sircar) is assigned a story about a mysterious good samaritan who keeps leaving $100,000 cash gifts on citizens’ doorsteps around the city, she’s sure there’s a catch. Kate sets out to identify the anonymous Good Samaritan, aka “Good Sam,” and their true motives. As news of Good Sam sweeps across the country and the pressure mounts to uncover the truth, Kate’s drawn down a surprising path that flips both her career and personal life upside down. As Kate unravels the surprising reasons behind the mysterious cash gifts, she opens her heart to a new love and the hope that selfless good is all around. Written by Netflix