A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Movie plot

Dancing Queens: အဘွားကလည်း အကမယ် အမေကလည်း
အကမယ်ဖြစ်ခဲ့တဲ့ ဒီလန်ရဲ့သွေး‌ကြောထဲမှာ အကကိုချစ်တဲ့သွေးတွေ စီးဆင်းနေတာပေါ့။ ဒါပေမဲ့အသွေးအသားထဲအထိ အကကိုချစ်တဲ့ဒီလန်တစ်ယောက်
အကကို ဘဝထဲက ခေတ္တခဏ ထုတ်လိုက်တဲ့ဆီရောက်သွားပါတယ်။အကြောင်းကတော့ သူ့ရဲ့အမေဖြစ်သူ ဆုံးပါးသွားပြီးတဲ့နောက်အမေနဲ့အမှတ်တရတွေများလွန်းတဲ့ ဒစ္စကိုအကဟာပျော်ရွှင်မှုကနေ ဝမ်းနည်းမှုဖြစ်သွားစေလို့ပါပဲ။အချိန်တွေကြာပေမဲ့ အနာမကျက်နိုင်တဲ့ဒီလန်ကိုအဘွားဖြစ်သူက လူရွေးပွဲဝင်ပြိုင်ဖို့ တိုက်တွန်းပေမဲ့ရက်စွဲမှားကြည့်လို့ ထပ်ပြီးလွဲချော်ခဲ့ပြန်တဲ့ ဒီလန်တစ်ယောက်၊ Dancing Queens ဆိုတဲ့drag showclubမှာ တစ်ပတ် သန့်ရှင်းရေးလုပ်ရဖို့ ဖြစ်လာပါတော့တယ်။Dancing Queensကလည်း ရေရှည်ရပ်တည်ခဲ့တဲ့ကလပ်တစ်ခုပီပီ ခေတ်ရေစီးကြောင်းနဲ့အမီလိုက်ဖို့အခက်တွေ့နေတာကတစ်ကြောင်း တစ်ဖက်က အကအဖွဲ့ခေါင်းဆောင်ရဲ့ အချစ်ဆုံးသူငယ်ချင်းက ‌ဆုံးသွားတာကတစ်ကြောင်းနဲ့ နာလံမထူနိုင်ဖြစ်နေတာပါ။ ဒီလိုနဲ့ပဲအကသွေးတွေ ပြန်ကြွလာပြီး drag showဝင်ကဖို့ဒီလန်တစ်ယောက် ယောက်ျားလေးလိုဟန်ဆောင်ရင်းအဖွဲ့ထဲဝင်ဖို့ ကြိုးစားတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာ ရှုစားကြပါဦး။

Dylan Pettersson is a 23 year old girl from a small island in the Bohuslän archipelago with big dancing aspirations. When she’s talked into cleaning at the struggling drag club Queens, the club’s star dancer and choreographer Victor accidentally discovers Dylan’s talent. She desperately wants to be a part of the show, but she’s a girl – and it’s a drag show. However, where there’s a will, there’s a way.

Show more...