A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Movie plot

First Name: Carmen – ကာမင်းဆိုတဲ့အကြမ်းဖက်သမ မိန်းမလှလေးဟာ ရုပ်ရှင်ဒါရိုက်တာဦးလေးဖြစ်သူဆီက
ကမ်းခြေအိမ်တစ်လုံးကိုခဏငှားရမ်းခဲ့ပါတယ်။သူ့ရဲ့ရည်ရွယ်ချက်ကတော့ သူတို့အဖွဲ့ဘဏ်ဓားပြတိုက်ပြီးရင်
ခေတ္တခိုနေစရာတစ်ခုအဖြစ်သုံးဖို့ပါပဲ။ဒါပေမယ့် ဘဏ်လုံခြုံရေးတစ်ဦးကိုသူ ချစ်ကျွမ်းဝင်မိသွားချိန်မှာတော့
ကြိုတင်စီမံထားသမျှတွေ ကမောက်ကမဖြစ်ကုန်ပါတော့တယ်။ပြင်သစ်ရုပ်ရှင်လှိုင်းသစ်ကိုစတင်ခဲ့တဲ့ပိုင်အိုးနီးယားဒါရိုက်တာ Jean-Luc Godard ရဲ့လက်ရာတစ်ခုဖြစ်ပြီးသူ့ရဲ့လက်ရာတွေဟာ
စမ်းသပ်လေ့လာမှု၊ဇာတ်ကြောင်းပြောပုံတွေကတစ်ဆင့် ရုပ်ရှင်ပုံစံတွေကိုတော်လှန်ပြောင်းလဲစေခဲ့တယ်လို့ဆိုကြပါတယ်။
ဒီဇာတ်ကားမှာလည်း အဲ့ဒီလိုထူးခြားတဲ့တင်ဆက်ပုံကိုတွေ့မြင်ရမှာဖြစ်ပြီး မြင်နေကျပုံစံမျိုးမဟုတ်တဲ့အတွက်
အစပိုင်းမှာတော့ အတော်သည်းခံရပါလိမ့်မယ်။ပရိသတ်တွေအနေနဲ့လည်း ကြိုက်တဲ့သူနဲ့မကြိုက်တဲ့သူ
နှစ်ဖွဲ့ကွဲနေတာဖြစ်ပြီး မကြိုက်တဲ့သူတွေကတော့ ကာမင်း သရုပ်ဆောင်မင်းသမီး Maruschka Detmers ရဲ့
ထူးခြားတဲ့ဂန္ဓဝင်အလှကိုအားပေးချီးကျူးကြပါတယ်။ဇာတ်လမ်းကိုမကြိုက်ဘူးဆိုရင်တောင် ခမ်းခမ်းနားနားလှတဲ့
ခေါင်းဆောင်မင်းသမီးရဲ့လွတ်လပ်ပွင့်လင်းတဲ့ဇာတ်ဝင်ခန်းတွေကြောင့်အချိန်ပေးရကျိုးနပ်စေမှာအသေအချာပါပဲ။
အဲ့ဒီနှစ် ဗင်းနစ်အပြည်ပြည်ဆိုင်ရာရုပ်ရှင်ပွဲတော်မှာရွှေခြင်္သေ့ဆုရရှိထားပါတယ်။ရှုစားကြပါ။(Dark Side Production မှ တင်ဆက်သည်။)

Carmen is a member of a terrorist gang who falls in love with a young police officer guarding a bank that she and her cohorts try to rob. She leads him on while dragging the two of them closer to their ultimate doom. Jean-Luc Godard intercuts the film with shots of a string quartet practicing Beethoven, and his main protagonist, Carmen, is played by Maruschka Detmers creating a stunning effect in many scenes of extended nudity. Written by Raimundo Ramirez

Show more...