Young Sheldon: The Big Bang Theory ထဲက လူ့ဂွစာ၊ လူမှုရေးမသိတတ်၊ ဟာသကိုနားမလည်၊ လူတောသိပ်မတိုးတဲ့ ပါရမီရှင် ရူပဗေဒပညာရှင် ရှယ်ဒန် လီ ကုပါး ကို မှတ်မိကြမှာပေါ့ဗျာ။ အခုကတော့ သူ့ရဲ့ spinoff series ဖြစ်တဲ့ Young Sheldon ကိုတင်ဆက်ပေးမှာပါ။ ဒီတော့ The Big Bang Theory ကြည့်ဖူးသူတွေအနေနဲ့တော့ ဘာမှပြောစရာသိပ်မလိုတော့ပါဘူး။ အခုမှ စကြည့်မယ်ဆိုရင်လည်း ဒီ series ကို အရင်ကြည့်ပြီးမှ The Big Bang Theory ကိုဆက်ကြည့်ရင် ပိုကောင်းပါတယ်။ ဒီ series မှာတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ အဲလ်ဘတ် အိုင်းစတိုင်း နဲ့ IQ အတူတူဖြစ်နေတဲ့ ကိုးနှစ်သားကောင်လေးတစ်ယောက်ကို မြင်ရပါမယ်။
သိပ်ဉာဏ်ကောင်းလွန်းနေတော့ အမွှာညီမ မူလတန်းကျောင်းမှာ လက်ချောင်းပန်းချီလေးတွေဆွဲ၊ တီဗီကလာတဲ့ “ဘဲပုံပြင်” ကြည့်နေချိန်မှာ သကောင့်သား ရှယ်ဒန် ကတော့ သောက်ကြီးသောက်ကျယ်နဲ့ အထက်တန်းကျောင်းက ဂရိတ်နိုင်းမှာ ကျောင်းတက်နေပြီပေါ့။ ဒီတော့ နဂိုကမှ လူမှုရေးမသိတတ်တဲ့ လူဂွစာ ကိုးနှစ်သား ရှယ်ဒန် တစ်ယောက် အထက်တန်းကျောင်းမှာ လူတကာကိုလိုက်ဝေဖန်၊ အရည်အချင်းတွေ ထုတ်ပြနေလို့ လူတကာသောက်မြင်ကပ်နေတဲ့ မောင်ကြီးကျယ်လေးအဖြစ် တပြုံးပြုံးကြည့်ရဦးမယ့် series တစ်ခုပါပဲလို့။
hello
the big bang theory လေး ကြည့်ချင်လို့ပါ တင်ပေးပါလား
အိုကေ သူငယ်ချင်း၊ ငါတို့ တတ်နိုင်သမျှ အမြန်ဆုံး တင်ပေးပါ့မယ်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုလာရောက်လည်ပတ်သည့်အတွက် ကျေးဇူးတင်ပါသည်၊ ကျေးဇူးတင်ပါသည်။
Your here https://channelmyanmar.co/the-big-bang-theory