Jentry Chau vs the Underworld (2024)
IMDb Rating (7.9) / Rotten Tomatoes (100%)
ဒီစီးရီးလေးကတော့ Netflix ကနေ သိပ်မကြာခင်ကမှ ပူပူနွေးနွေးထွက်ရှိထားတဲ့ Animated Series လေးဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်း
ဂျန်ထရီချောင်ဆိုတဲ့ အမေရိကန်-တရုတ် ကပြားကောင်မလေးဟာ ဆိုးလ်မြို့မှာကျောင်းတက်နေရင်း တစ်နေ့မှာတော့ နတ်ဆိုးတစ်ကောင်ရဲ့တိုက်ခိုက်ခြင်းကိုခံလိုက်ရပါတယ်။
ဒါပေမဲ့ ဒီကောင်မလေးဟာ သာမန်လူသားတစ်ယောက်မဟုတ်ဘဲ ထူးခြားတဲ့အစွမ်းတွေရှိနေတဲ့ကောင်မလေးတစ်ယောက်ဖြစ်ပြီး နတ်ဆိုးဘုရင်ကိုယ်တိုင်က သူ့ကိုလိုက်ရှာနေပြီးတော့ အစွမ်းတွေကိုသိမ်းယူဖို့ကြိုးစားနေတာပါ။
ဒါပေမဲ့ ဒီကောင်မလေးတိုက်ခိုက်ခံရတာကိုသိလိုက်ရတဲ့အခါ သူ့အဘွားရဲ့အမဖြစ်သူက ကောင်မလေးကို စောင့်ရှောက်ဖို့အတွက် မွေးရပ်မြေတက္ကဆက်ကိုပြန်ခေါ်ပါတော့တယ်။
ဒီလိုနဲ့ ကြီးတော်ဖြစ်သူက သူ့အစွမ်းတွေကိုသုံးတတ်အောင် လေ့ကျင့်ပေးပြီးတော့ မကောင်းဆိုးဝါးတွေနဲ့ ရင်ဆိုင်ဖို့ ကြိုးစားရပါတော့တယ်။
(အညွှန်းနဲ့ဘာသာပြန်ကတော့ Vader ဖြစ်ပါတယ်။)
Jentry Chau, a Chinese-American teen living in a small Texas town, who finds out a demon king is hunting her for the supernatural powers she’s been working her whole life to repress. With the help of her weapons expert great-aunt and a millennia-old jiangshi (Chinese hopping vampire), Jentry must now fight an entire underworld’s worth of monsters while balancing the horrors of high school.