The Price of Money: A Largo Winch Adventure – ဒီကားလေးကတော့ ၂၀၀၈ ခုနှစ်မှာထွက်ရှိခဲ့တဲ့ Largo Winch
ရုပ်ရှင်ကားရဲ့နောက်ဆက်တွဲ တတိယမြောက် Thriller/Actionကားလေးပဲဖြစ်ပါတယ်…Thriller ကားချစ်သူတွေအနေနဲ့ အသည်းတအေးအေး
ကြည့်ရမယ့် သည်းထိတ်ရင်ဖိုအခန်းတွေလုံလုံလောက်လောက်ပါသလို Action ကားချစ်သူတွေအနေနဲ့လည်း အသည်းတယားယားFight Scene တွေကို ခံစားကြည့်ရှုနိုင်မှာဖြစ်ပါတယ်…Drama ဆန်ဆန်ဇာတ်အိမ်တွေလည်း ထည့်သွင်းရိုက်ကူးထားတဲ့အတွက်ကြောင့် ရသစုံတဲ့ ဒီရုပ်ရှင်ကားလေးကို ပရိသတ်တွေနှစ်သက်ကြမှာ အမှန်ပါပဲ…ပြန်ပေးဆွဲခံရတဲ့သားငယ်နဲ့ နောက်ကွယ်ကအကြောင်းအရင်းကိုကနေဒါသစ်တောကနေ ဘန်ကောက်မြို့နဲ့မြန်မာပြည်သတ္တုတူးဖော်ရေးလုပ်ကွက်တွေထိ ရှာဖွေဖော်ထုတ်ဖို့ ကြိုးစားရတဲ့ ယခုLargo Winch အကြောင်းရုပ်ရှင်မှာ ကျယ်ပြန့်တဲ့နောက်ခံရှုခင်းတွေနဲ့ လူနေမှုပတ်ဝန်းကျင်ကိုလည်း ရင်သပ်ရှုမောဖွယ်မြင်တွေ့ရမှာဖြစ်ပါတယ်…Largo Winch ရုပ်ရှင်များရဲ့ အဓိကဇာတ်ဆောင်မင်းသားTomer Sisley အပြင် ယခုတတိယကားလေးမှာတော့ နာမည်ကျော်မင်းသား James Franco လည်း ဇာတ်ပြိုင်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားတာဖြစ်လို့ James Franco ပရိသတ်များအနေနဲ့လည်းအချိန်ပေးပျော်တဲ့ရုပ်ရှင်တစ်ကားဖြစ်မှာ အသေအချာပါပဲ…Largo Winch တစ်ယောက် ဘယ်လိုစွန့်စားခန်းတွေကို ကြုံတွေ့ရမလဲJames Franco သရုပ်ဆောင်ထားတဲ့ Ezio Burntwoodဇာတ်ကောင်တစ်ယောက် ဘယ်လိုဇာတ်ရှိန်မြင့်အောင် ဆွဲခေါ်သွားမလဲဆိုတာတော့ ဒီရုပ်ရှင်လေးထဲမှာပဲ ကြည့်လိုက်ကြဖို့ညွှန်းဆိုပေးလိုက်ပါတယ်နော်…( ရုပ်ရှင် အညွှန်းနဲ့ ဘာသာပြန်ကတော့ Ye Thiha Htet ပဲ ဖြစ်ပါတယ် )
Devastated by the recent kidnapping of his 15-year-old son, Largo Winch looks on, helpless, as his business partner commits suicide during a live press conference. As everything turns against him, as his business empire starts to fail, he discovers that the two events are perhaps linked: if he finds the criminals responsible, he will perhaps see his son again. From Canada to Burma to Bangkok… Largo doesn’t yet know that his search will lead him straight to hell… An action-packed movie with an intrigue-filled plot that will grip you without respite till the final breathless seconds. Written by wildbunch
Subscribe
0 Comments
Oldest