A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Prev
Next
Autoplay next episode: On
Light Off
Report
31 view
Server Option:Server HY
Server HY

The Golden Compass: Fantasy Fiction ဇာတ်လမ်းကောင်း တစ်ကားကို မိတ်ဆက်ပေးပါရစေ။ Main characterတွေအနေဖြင့် ကျွန်တော်တို့ရဲ့ ဂျိမ်းစ်ဘွန်း မင်းသားကြီး Daniel Craigနဲ့ The Secret of Moonacre၊ Dustbin Babyနဲ့ Endeavourတိုရဲ့ မင်းသမီး Dakota Blue Richardsက ဦးဆောင် သရုပ်ဆောင် ပါဝင်ထားပါတယ်။ ဗီလိန်တွေအနေနဲ့လည်း အထူးတလည်မိတ်ဆက်ပေးစရာ မလိုတဲ့ Nicole Kidmanက ဇာတ်အိမ်ကို ပိုမိုခိုင်လုံအောင် အားဖြည့်ပေးထားပါတယ်။ ဒါ့အပြင် Eva Green, Sam Elliott, Freddie Highmore, Ian McKellenတို့နှင့် တခြားသော ဝါရင့် ပါရမီရှင် သရုပ်ဆောင်တွေ ပါဝင်ထားတော့ ယခု ရုပ်ရှင်ဟာ Castတွေနဲ့တင် တန်နေပါပြီ။ကျွန်တော်တို့ စကြာဝဋ္ဌာတွေကြားမှာ အချင်းချင်းအပြိုင်ဖြစ်နေကြတဲ့ စကြဝဠာတွေ ကမ္ဘာတွေ အများကြီး ရှိနိုင်ပါတယ်။ ကျွန်တော်တို့ ကမ္ဘာမှာဆိုရင် လူတွေရဲ့ဝိညာဉ်တွေက ခန္ဓာကိုယ်ထဲမှာ နေထိုင်ကြတယ်။ Parallel Universeထဲက ကမ္ဘာတစ်ခုမှာတော့ ဝိညာဥ်တွေက လူသားတို့နဲ့အတူတူ ရောထွေးနေထိုင်ကြပါတယ်။ သူတို့ကမ္ဘာမှာတော့ နတ်ဆိုးလို့ ခေါ်ကြပါတယ်။ သူတို့ရဲ့ကမ္ဘာမှာ စကော်လာတွေက
အမှန်တရားကို တိုင်းတာ သိရှိနိုင်တဲ့ အလိသီအိုမီတာကို တည်ထွင်ခဲ့ပါတယ်။ ရွှေရောင်သံလိုက်အိမ်မြှောင်လို့လည်း ခေါ်ကြပါသေးတယ်။ အဲဒီသံလိုက်အိမ်မြှောင်က ဖုန်းကွယ်ထားတာမှန်သမျှကို ပြပေးတဲ့စက်ဖြစ်ပါတယ်။ ပြောရရင် လိမ်ချင်တိုင်း လိမ်လို့ မရတော့ဘူးပေါ့။ လူတွေကို ထိန်းချုပ်ဖို့ မှော်ဝင်ရေးရာဝန်ကြီးဌာနက နည်းမျိုးစုံ သုံးပြီး လိမ်လည်ကြရပါတယ်။ အဲဒီလို လိမ်လည်ခြယ်လှယ်နေရတဲ့ မှော်ဝင်ရေးရာဝန်ကြီးဌာနက သူတို့အလိမ်တွေ ပေါသွားမှာစိုးလို့ အလိသီအိုမီတာတွေကို ဖျက်စီးလာပါတော့တယ်။
အဲဒီလိုနဲ့ အလိသီအိုမီတာတွေကို ဖျက်စီးလာလိုက်တာ အ​ချိန် တစ်ခုထိ ရောက်လာပြီး လူငယ်မျိုးဆက်တွေဆိုရင် အလိသီအိုမီတာ ရှိမှန်းတောင် မသိကြတော့ပါဘူး။ လိုင်ရာဘယ်လာကွာက မိဘတွေမရှိတော့လို့ ဦးလေးဖြစ်သူ အက်စ်ရီရယ်က ပြုစုစောင့်ရှောက်ပေးထားတဲ့ ဂျော်ဒန်ကောလိပ်မှာ တက်ရောက်နေတဲ့ ကျောင်းသူလေးဖြစ်ပါတယ်။ လောဒ့် အက်စ်ရီရယ်က ဒက်စ်လို့ခေါ်တဲ့ စကြာဝဋ္ဌာတွေကြား ခုန်ကူးနိုင်မယ့် အမှုန်တွေကိုလေ့လာနေသူပါ။ မှော်ဝင်ရေးရာဝန်ကြီးဌာနက အဆိုပါ ဒက်စ်တွေရဲ့အကြောင်းကို လူတွေ မသိအောင် ဖျောက်ဖျက်ထားတာ ကြာပါပြီ။ ဒက်စ် အမှုန်တွေကလည်း ပျောက်ကွယ်သွားတာ ကြာလှပါပြီ။ အဲဒီလိုနဲ့ တနေ့ကြတော့ ရုတ်တရပ် မြောက်ဝင်ရိုးစွန်းမှာ ဒက်စ်တွေ ပြန်လည်ပေါ်ပေါက် လာပါတယ်။ အဲဒီလိုနဲ့ အက်စ်ရီရယ် တစ်ယောက် မြောက်ဝင်ရိုးစွန်းကို သွားရောက်လေ့လာပါတော့တယ်။ လိုင်ရာကလည်း စူးစမ်းချင်သူပီပီ မစ္စ ကော့တလာနဲ့အတူတူ ဦးလေးဖြစ်သူ သွားရာ မြေက်ဝင်ရိုးစွန်းဘက်ကို လိုက်သွားပါတော့တယ်။ဒက်စ်အကြောင်း သွားရောက်လေ့လာတဲ့ အက်စ်ရီရယ်က ဘယ်လိုအခက်ခဲတွေ ကြုံရမလဲ …. ဦးလေးနောက် လိုက်သွားတဲ့ လိုင်ရာလေးကိုရော မကောင်းတဲ့လူတွေက ဘယ်လိုဒုက္ခပေးကြမလဲ ….ဂေါ်ဘလာလို့ခေါ်တဲ့ ကလေးဖမ်းတဲ့လူတွေကရော ဘယ်သူတွေလဲ ….ဘာကြောင့် ကလေးတွေကို လိုက်ဖမ်းနေတာလဲ ….. လက်ကျန် အလိသီအိုမီတာကိုရော ဘယ်လိုအသုံးချကြမလဲ …ဒီဇာတ်ကားရဲ့ ဉာဏ်ကွန့်နိုင်စွမ်းကတော့ အင်မတန်မှ လှပလွန်းပါတယ်။ Battle scene တွေဆိုရင်လည်း တော်တော်မိုက်ပါတယ်။ ဇာတ်လမ်းကလည်း ၂နာရီမပြည့်တပြည့်လေးမှာကိုတင် ပြည့်ပြည့်စုံစုံနဲ့ တင်ပြထားနိုင်ပါတယ်။ နိဂုံးချုပ်ပြောရရင် ကလေးလူကြီးမရွေး စိတ်ကူးဉာဏ် ကွန့်မြူးချင်သူတွေ ဒီရုပ်ရှင်ကို အကြိုက်တွေ့စေမှာ ဖြစ်ပါတယ်။အညွှန်းနဲ့ ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။

Other parts :
None !
Subscribe
Notify of
guest

0 Comments
Inline Feedbacks
View all comments