A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Prev
Next
Light Off
Report
25 view
Server Option:Server HY
Server HY

Sunny: ဂျပန်နိုင်ငံ၊ ကျိုတိုမြို့မှာနေပြီး ဂျပန်နိုင်ငံသား မာဆာ
ဆာကာမိုတိုနဲ့ အိမ်ထောင်ရက်သားကျ၊ သားလေး

တစ်ယောက်နဲ့ ပျော်ရွှင်နေတဲ့ အမေရိကန်လူမျိုး

ဆူဇီ ဆာကာမိုတို တစ်နေ့မှာတော့ လေယာဉ်နဲ့ခရီးထွက်

သွားတဲ့ အမျိုးသားနဲ့ သားလေးတို့ရဲ့ လေယာဉ်က

ပျက်ကျပြီး အလောင်းတွေ ရှာမတွေ့ဖြစ်ခဲ့ပါတယ်

အမျိုးသားနဲ့ သားဖြစ်သူကို တစ်ပြိုင်နက်တည်း ဆုံးရှုံး

လိုက်ရလို့ လစ်ဟာနေတဲ့ ဘဝကြီးထဲကို ရုတ်တရက်

အမျိုးသားအလုပ်လုပ်တဲ့ ကုမ္ပဏီကဆိုပြီး လူတစ်ဦး

ရောက်လာကာ အမျိုးသားကိုယ်တိုင်တီထွင်ထားတယ်ဆိုတဲ့

“Sunny” အမည်ရ အိမ်သုံးစက်ရုပ်တစ်ရုပ်ကို လက်ဆောင်

လာပေးသွားပါတယ်..

အရင်ကတည်းက စက်ရုပ်ဆို မုန်းတီးနေတဲ့ ဆူဇီတစ်ယောက်

Sunny ရဲ့ ကျောချမ်းစရာ အပြုအမူတွေကိုတွေ့ပြီး စွန့်ပစ်ဖို့

လုပ်ပေမဲ့လည်း မရတဲ့အဆုံး ရေခဲသေတ္တာတီထွင်တဲ့အပိုင်းမှာ

အလုပ်လုပ်တယ်လို့သိထားတဲ့ အမျိုးသားက တီထွင်ထားတဲ့

စက်ရုပ်ဆိုတာကြောင့် နောက်ကွယ်က မသိသေးတဲ့အကြောင်း

တွေကို ဖော်ထုတ်ဖို့လုပ်ရာက ဘယ်လိုအဖြစ်အပျက်တွေနဲ့

ရင်ဆိုင်ရမလဲ….

အိမ်သုံးစက်ရုပ်တွေက တကယ်ပဲ ကြောက်စရာကောင်းတာလား…

လူတွေမသိကြသေးတဲ့ ဘယ်လိုလျှို့ဝှက်ချက်တွေရှိနေတာလဲ..

အလောင်းရှာမတွေ့သေးတဲ့ သူ့အမျိုးသားနဲ့ သားလေးကရော

တကယ်ဆုံးပါးသွားတာ ဖြစ်နိုင်မလား….

တကယ့်နောက်ကွယ်က ရန်သူက ဘယ်သူလဲ ဆိုတာကို စုံစမ်း

ဖော်ထုတ်သွားတဲ့အကြောင်း ရှုစားရမှာ ဖြစ်ပါတယ်

ဂျပန်ဆိုတဲ့အတိုင်း မြင့်မားလွန်းတဲ့ နည်းပညာတွေအကြောင်း

ထည့်သွင်းပြထားတာကို မြင်တွေ့ရမှာဖြစ်ပြီး

သူတို့ရဲ့ Culture တွေနဲ့အတူ ဇာတ်လမ်းကျောရိုးကိုယူထားပြီး

တင်ဆက်ပုံကောင်းတာကြောင့် စိတ်ဝင်တစား ကြည့်ရှုနိုင်မဲ့

စီးရီးတစ်ခုဖြစ်ပါတယ်။

Follows Suzie, an American woman living in Japan, and Sunny, a domestic robot made by her husband’s company, as they uncover the dark truth of what really happened to Suzie’s husband and son who disappeared in a mysterious plane crash.

Other part:
None
Subscribe
Notify of
guest

0 Comments
Oldest
Newest Most Voted
Inline Feedbacks
View all comments