A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Prev
Next
Light Off
Report
179 view
Server Option:Server HYServer HE
Server HYServer HE

Snowpiercer: ဒီတစ်ခါ Parasite ဇာတ်ကားနဲ့ ဆုပေါင်းများစွာကိုသိမ်းပိုက်ခဲ့တဲ့ ဒါရိုက်တာ Bong Joon Ho ရဲ့ Snowpiercer (နှင်းခွဲရထား) ဆိုတဲ့ ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။
၂၀၁၄ ခုနှစ်မှာ CW7 ဆိုတဲ့ဓာတုပစ္စည်းတစ်မျိုးကိုအသုံးပြုပြီး ကမ္ဘာကြီးပူနွေးမှုကိုကာကွယ်ဖို့ကြိုးစားခဲ့ကြပါတယ်။ ဒါပေမယ့် အကျိုးဆက်အနေနဲ့ ကမ္ဘာဟာမပူနွေးတော့ရုံမက အေးခဲလွန်းတဲ့ရေခဲခေတ်ကိုရောက်ရှိသွားပါတော့တယ်။
ဒီလိုတွေဖြစ်လာမယ်ဆိုတာကြိုမြင်နေတဲ့ ဝဲလ်ဖို့ဒ်ဆိုတဲ့လူကြီးက ကမ္ဘာကြီးကို တစ်နှစ်တစ်ခါလည်ပတ်နေတဲ့ နှင်းခွဲရထားကြီးကိုတီထွင်ခဲ့ပါတယ်။
နှင်းတွေကနေစွမ်းအင်ကိုယူပြီး အလုံပိတ်​ဂေဟစနစ်နဲ့ မရပ်မနားခုတ်မောင်းနေတဲ့ဧရာမရထားကြီးရဲ့ခေါင်းတွဲပိုင်းတွေဟာ လူချမ်းသာတွေအတွက် ဇိမ်ခံအဆင့်အတန်းမြင့်အခန်းတွေ၊ ဝန်ဆောင်မှုတွေနဲ့ ပြည့်နေပေမယ့် အသက်မသေဖို့အရေး ရထားပေါ်မရမကဖက်တွယ်လိုက်ပါလာတဲ့ လူဆင်းရဲတွေအတွက်ကတော့ ညစ်ပတ်ပေရေနေပြီး ကျောတစ်ချစာသာနေရာရှိတဲ့ ရထားနောက်တွဲအမှောင်ခန်းတွေထဲ လက်နက်ကိုင်စစ်သားတွေရဲ့စောင့်ကြည့်မှုအောက်မှာ နေကြရပါတယ်။
ဒီလိုနဲ့ ၁၇နှစ်အကြာမှာ တိရစ္ဆာန်သာသာနေနေရတဲ့ လူ့အခွင့်အရေးဆိုတာကိုတစ်စက်မှမရကြရှာတဲ့ ရထားနောက်တွဲကလူတွေရဲ့ တော်လှန်​တဲ့ပုံရိပ်တွေကိုကြည့်ကြရမှာပါ။
ဒီဇာတ်ကားမှာတော့ ကိုရီးယားဇာတ်ဆောင်နှစ်ဦးနဲ့ အင်္ဂလိပ်သရုပ်ဆောင်တွေ အဓိကသုံးထားပြီး အင်္ဂလိပ်ဘာသာနဲ့ပဲ အဓိကရိုက်ကူးထားတာဖြစ်ပါတယ်။ ဒါရိုက်တာကြီး Bong Joon Ho ရဲ့လက်ရာဆိုတော့ အထူးတလည်ညွှန်းစရာလိုတော့မယ် မထင်ပါဘူး။ လုံးဝရိုးအီမသွားဘဲအတော်ကိုကြည့်လို့ကောင်းတဲ့ဇာတ်ကားပါ။ ကြည့်ရှူခံစားလိုက်ကြပါဦး။

Set in 2031, the entire world is frozen except for those aboard the Snowpiercer. For seventeen years, the world’s survivors are on a train hurtling around the globe creating their own economy and class system. Led by Curtis (Chris Evans), a group of lower-class citizens living in squalor at the back of the train are determined to get to the front of the train and spread the wealth around. Each section of the train holds new surprises for the group who have to battle their way through. A revolution is underway. Written by Anne Campbell

Other part:
None
Subscribe
Notify of
guest

0 Comments
Oldest
Newest Most Voted
Inline Feedbacks
View all comments