A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Prev
Next
Autoplay next episode: On
Light Off
Report
30 view
Server Option:Server HY
Server HY

Pusher : IMDb 7.3, Rotten Tomatoes 83% ရထားတယ်။ Cannibal မင်းသားကြီး Mads Mikkelson ပါ၀င်သရုပ်ဆောင်ထားတဲ့ ၁၉၉၆ ကထွက်ရှိခဲ့တဲ့ Crime/Thriller အမျိုးအစား trilogy တစ်ခုပါ။ စုစုပေါင်း ၃ ကားရှိပြီး Pusher 2 နဲ့ 3 ကိုတော့ ၂၀၀၄ နဲ့ ၂၀၀၅ ခုနှစ်မှာ ဆက်ထုတ်ခဲ့ပါတယ်။Pusher trilogy ထဲက အဓိကဇာတ်ကောင်‌တွေကို ဟစ်ဟော့ပ်ဗီဒီယိုတွေထဲက ဂိုဏ်းစတားအကြမ်းစားကြီးတွေလိုမဟုတ်ဘဲ အောက်ခြေက မူးယစ်ဆေးရောင်းစားတဲ့ ငချွတ်လေးတွေအဖြစ် လက်တွေ့ဆန်အောင် အသက်သွင်းထားပါတယ်။ ဒီကားထဲမှာ Mads Mikkelson ကြီးကို မူးယစ်‌ဆေးရောင်းသမားကတုံး တိုနီ ကာရိုက်တာနဲ့မြင်ရမှာပါ။ ကတုံးတိုနီရဲ့ တွဲဖက်ဖြစ်တဲ့ ဖရန့်ခ်နေရာမှာ သရုပ်ဆောင်ထားတဲ့ Kim Bodnia ကလည်း နာမည်ကြီး ရုပ်ရှင်နဲ့ စီးရီးတွေမှာ ပါ၀င်သရုပ်ဆောင် ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ/သရုပ်ဆောင်တစ်ဦးပါ။ ဆိုတော့ကာ အက်တင်ပိုင်း ဘာညာအနေအထားကတော့ အလန်းလွန် အလွန်လန်းပါတယ်။Pusher ဆိုတဲ့စကားလုံးရဲ့ အဓိပ္ပာယ်ကိုက တရားမ၀င် မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချတဲ့သူလို့ အဓိပ္ပာယ်ရပါတယ်။ ဖရန့်ခ် နဲ့ တိုနီတို့ ဘော်ဒါနှစ်ယောက်က မူးယစ်ရာဇာတွေဆီကနေ တဆင့်ပြန်ယူပြီး ရောင်းစားနေတဲ့ ဆေးရောင်းသမားနှစ်ယောက်။ အစပိုင်းမှာတော့ ဒီဘဲနှစ်ပွေရဲ့စည်းပွားရေးက သာသာယာယာပဲ။ စော်တွေကိုအမ်း၊ လိုချင်တာ၀ယ်၊ သုံးဖြုံးပြီး အိုကေစိုပြေနေတာပေါ့။ ဒါပေမဲ့ ဒီမြေအောက်လောကရဲ့ ထုံးစံအတိုင်း တစ်ရက်မှာ ဖရန့်ခ်တစ်ယောက် ဖင်မနိုင်ဘဲ ပဲကြီးဟင်းစားမိလိုက်ရာကနေ ကံဆိုးမိုးမှောင်ကျပြီး မူးယစ်ဆေးဒိုင်ဆီမှာ အကြွေးတွေတင်သွားပြီး ငါးပါးမှောက်ပါတော့တယ်။ Pusher 1 မှာတော့ ဖရန့်ခ်၊ တိုနီ နဲ့ သူ့ဘော်ဒါဘော်ဂျွတ်တွေအကြောင်းကို မိတ်ဆက်ထားပြီး ဖရန့်ခ်တို့ အကြွေးနွံထဲနစ်ရင်း တိုင်ပတ်တဲ့ကိစ္စကို ဇာတ်အိမ်တည်ပြီး ဖရန့်ခ် ဇာတ်ကောင်ကို အသားပေးရိုက်ကူးထားပါတယ်။ ဒီရုပ်ရှင်ရဲ့ ဇာတ်အိမ်က ရိုးရှင်းပြီး crime/thriller ရုပ်ရှင်ကားတွေထဲမှာ တော်တော်လေး လက်တွေ့ဆန်တယ်ဆိုတဲ့အထဲမှာပါပါတယ်။ကျွန်တော်ပဲ ၉၀ ကျော်ကရိုက်ခဲ့တဲ့ရုပ်ရှင်တွေကို ပိုကြိုက်မိလို့လားတော့မသိဘူး မှောင်ခိုဆေးဖြန့်တဲ့အကြောင်းတွေရိုက်ကူးထားတဲ့ Crime/Thriller ကားတွေထဲ ဒီကားကတော်တော်ထူးခြားတယ်လို့မြင်မိတယ်။ ရိုင်းတာလည်းလွှတ်ရိုင်းပါတယ်။ မိသားစုနဲ့အတူကြည့်ဖို့ လုံး၀မသင့်တော်ပါဘူး။ ဒိန်းမတ်စကားပြောရုပ်ရှင်ဖြစ်နေတာကြောင့်လည်း အင်္ဂလိပ်ကားတွေနဲ့မတူဘဲ နည်းနည်းကွဲထွက်နေတာဖြစ်ပါလိမ့်မယ်။ နောက်ပြီး ဒီရုပ်ရှင်ကိုကြည့်နေရင်းသတိထားမိလိုက်တာက ရုပ်ရှင်တစ်ခုလုံးကို လက်ကိုင်ကင်မရာတွေနဲ့ပဲရိုက်ထားတာပါ။ ဒါကြောင့် ကားမောင်းခန်းတွေ၊ ထိုးတာကြိတ်တာတွေကအစ တခြားရုပ်ရှင်တွေနဲ့မတူဘဲ ဇာတ်လမ်းထဲ ကိုယ်တိုင်၀င်ပါနေရသလို အရသာကိုရစေမှာပါ။ ဇာတ်ကားနံပါတ် ၂ နဲ့ ၃ ရဲ့ rating တွေကလည်း အတူတူပဲဖြစ်ပြီး ၂ မှာဆိုရင် ဆုတွေလည်းရထားတဲ့အပြင် Mads Mikkelson ကြီးလည်း ထပ်မံပါ၀င်ထားတာကြောင့် သေချာပေါက်မြည်းစမ်းကြည့်ရှုသင့်တဲ့ Crime/Thriller trilogy တစ်ခုဖြစ်ကြောင်း ညွှန်းဆိုပေးလိုက်ပါတယ်။

Subscribe
Notify of
guest

0 Comments
Inline Feedbacks
View all comments