Let’s Talk About CHU: လူကြီးမိဘများနှင့် အတူမကြည့်သင့်သော အခန်းများပါ၀င်ပါသည်။
ဒီဇာတ်ကားလေးကတော့ 2024မှ Netflix ကနေပြထားတဲ့ လိင်အသိပညာပေး
ထိုင်ဝမ်ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ် ။ ဇာတ်လမ်းအကျဉ်းလေးအနေနဲ့
Wax နည်းပညာရှင်တစ်ဦးဖြစ်တဲ့ ချူအိုက်လို့ ခေါ်တဲ့ ကောင်မလေးက
” အတွင်းရေး အလင်းအစီအစဉ် ” ဆိုတဲ့ခေါင်းစဉ်နဲ့ လိင်ပညာပေး အကြောင်းအရာ
vlog တွေတင်တဲ့ယူတျု့ချန်နယ်တစ်ခုထောင်ထားတဲ့သူပါ ။ သူမက ဘဝကို
” only sex , no love ” ဆိုတဲ့ဆောင်ပုဒ်နဲ့ပဲနေထိုင်ပြီးတော့ အချစ်ကိုအယုံအကြည်မရှိတဲ့သူပေါ့ ။
ဒါ့အပြင်သူမက ဖျင်ခဲ့နဲ့လည်း ကာလရှည် အိပ်ဖော်အဖြစ်ဆက်ဆံရေးတစ်ခုရှိနေပါသေးတယ်။
ဒါပေမဲ့ ချူမိသားစုထဲမှာပဲ sex နဲ့ love ကြား စိတ်ဆန္ဒတွေကို မခွဲခြားနိုင်
မဖြည့်ဆည်းနိုင်တဲ့ ပြဿနာလေးတွေပေါ်လာချိန်မှာတော့… ချူအိုက်တစ်ယောက်
ဒီပြဿနာတွေကိုဘယ်လိုဖြေရှင်းသွားမလဲ ? မိမိကိုယ်ကိုယ်ရောရှာတွေ့သွားမလား ?
ဒါမှမဟုတ် ရုပ်ပိုင်းဆိုင်ရာထက်ပိုတဲ့ ဆက်ဆံရေးတစ်ခုကို စတင်နိုင်မလားဆိုတာကို
ဆက်ပြီးကြည့်ရှုဖို့တိုက်တွန်းလိုက်ပါရစေရှင်။