A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Prev
Next
Autoplay next episode: On
Light Off
Report
178 view
Server Option:Server HY
Server HY

Kaiju No. 8 : Japan Anime တွေတို့ Pacific Rim တို့ ကြည့်ဖူးတဲ့လူဆို
Kaiju ဆိုတာ ဘာလဲ သိကြမှာပါ။

မသိတဲ့လူတွေအတွက်လည်း Kaiju တွေဆိုတာက

အရှင်းဆုံး ပြောရရင် ခုလက်ရှိ အားလုံးရဲ့ အချစ်တော်ကြီး

Godzilla တို့လို ထူးဆန်းပြီး ပါဝါတွေ ရှိကြတဲ့

အကောင်အကြီးကြီးတွေကို ခေါ်ဆိုတာ ဖြစ်ပါတယ်။

ဒီ Anime လေးကလည်း ခုလက်ရှိ အသစ်ထွက်ရှိထားတာ ဖြစ်ပြီး

Rating မြင့် ရထားပါတယ်။

Kaiju တွေ ပါဝင်ပေမဲ့လည်း Mecha စက်ရုပ်တွေတော့ မပါဝင်ပဲ

သာမန်လူတွေကို အဆင့်မြင့်လက်နက်တွေနဲ့ တိုက်ခိုက်တာမျိုးပဲ ဖြစ်ပါတယ်။

ဇာတ်လမ်းလေးကတော့ ဂျပန်မှာက Kaiju တွေ ခဏခဏ

ဝင်ရောက်ကျူးကျော် ဖျက်ဆီးနေလို့ တစ်တိုင်းပြည်လုံးမှာ

ကာကွယ်ရေးတပ်ဆိုတာ ဖွဲ့စည်းထားပြီး

အကောင်ပေါ်လာတာနဲ့ သုတ်သင်နေရပါတယ်။ ဇ

ာတ်ကောင် Kafka နဲ့ Mina ဆိုတဲ့ကောင်မလေးက

ငယ်ငယ်လေးကတည်းက သူတို့အိုးအိမ်တွေ ကျောင်းတွေ

ဖျက်ဆီးခံရလို့ စိတ်နာပြီး Kaiju တွေကို ရှင်းလင်းမယ်ဆိုပြီး

အိပ်မက် ရှိကြရာမှာ ဟိုကောင်မလေးကတော့ တကယ်ဖြစ်လာပြီး

အကြမ်းဆုံးဆိုတဲ့ တပ်ခွဲ ၃ ခေါင်းဆောင် ဖြစ်လို့နေပါပြီ။

မင်းသားကတော့ သူ့စကားအတိုင်းပဲ သူများတွေ သတ်လို့ သေပြီးမှ

အကောင်ရဲ့အလောင်းကြီးကို ရှင်းလင်းရေးလုပ်ရတဲ့ လုပ်သားတစ်ယောက်ပဲ ဖြစ်ပါတယ်။

တစ်ရက်ကျ သူတို့အလုပ်ကို ကာကွယ်ရေးတပ်ထဲ

ဝင်ချင်တဲ့အချိန်ပိုင်း အလုပ်သမားလေး ရောက်လာပါတယ်။

အစပိုင်း နှစ်ယောက်သား အဆင်မပြေကြပေမဲ့

နောက်အဆင်ပြေသွားတဲ့အချိန် လူသစ်လေးရဲ့

အားပေးစကားကြောင့် Kafka တစ်ယောက်

အသက်ကြီးမှ ကာကွယ်ရေးတပ်ထဲ ဝင်မယ့်အချိန်

ထူးဆန်းတာတစ်ခု ဖြစ်သွားတဲ့အခါမှာတော့…..။

ကြည့်ရတာ တော်တော် Fun ဖြစ်ပါတယ်။

ရယ်လည်းရယ်ရသလို အက်ရှင်တွေလည်း မိုက်ပါတယ်

နောက်ဆုံးပိုင်း ဇာတ်အလှည့်အပြောင်းကြောင့်

နောက်အပိုင်းတွေ ကြည့်ကောင်းနေမှာတော့ သေချာပါတယ်။

Opening သီချင်းဆိုရင်လည်း မိုက်တယ်ဟဆိုပြီး

Youtube သွား နားထောင်ကြည့်တာ နာမည်ကျော်

One Republic အဖွဲ့က ထူးထူးခြားခြား Anime သီချင်း

သီဆိုပေးထားတာ ဖြစ်နေပါတယ်။

ကဲ တစ်ပတ်တစ်ပိုင်း Kaiju တွေကို ဘယ်လိုချကြမလဲဆိုတာ

တူတူ စောင့်ကြည့်ကြတာပေါ့ဗျာ။

Other parts :
None !
Subscribe
Notify of
guest

0 Comments
Inline Feedbacks
View all comments