A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Record of Ragnarok Trailer
Watch
Movie plot

“Record of Ragnarok”ကို Anime fan အတော်များများသိပြီး
ဖြစ်ပါလိမ့်မယ်။ မသိသေးသူများအတွက် ပြောပြရမယ်ဆိုရင်တော့
ဘာသာရေးနယ်ပယ်အစုံက နတ်ဘုရားတွေ (ဥပမာ-Thor,Zeus,
Shiva, Buddha,etc…)နဲ့ လူသားတွေကြားကတိုက်ပွဲဖြစ်ပါတယ်။
ဘာသာရေးနယ်ပယ်အစုံက နတ်ဘုရားတွေဖြစ်တဲ့အတွက် universe
တွေကိုတစ်နေရာတည်းအကုန်စုကြည့်နေရသလိုပါပဲ။ အဲ့တစ်ချက်
နဲ့တင် ဇာတ်လမ်းကအတော်စိတ်ဝင်စားဖို့ကောင်းနေပါပြီ။

ဘာလို့လူသားတွေနဲ့ တိုက်ပွဲဖြစ်ရသလဲဆိုရင်ဖြင့် အဲ့လိုဘာသာရေး
နယ်ပယ်အစုံက နတ်ဘုရားတွေဟာ နှစ်၁၀၀၀မှာတစ်ခါ သူတို့ဖန်ဆင်း
ခဲ့တဲ့လူသားမျိုးနွယ်ကို ဆက်ရှင်သန်ခွင့်ပေးရမလား၊ မျိုးဖြုတ်ပစ်
ရမလားဆိုပြီး မဲခွဲတဲ့အစည်းအဝေးထိုင်တတ်ကြပါသတဲ့။ အဲ့လိုနဲ့
နှစ်(၁၀၀၀)ရောက်တိုင်းတစ်ခါ မဲခွဲလာလိုက်တာ လူသားမျိုးနွယ်
သက်တမ်းက အနှစ်(၇)သန်းအရောက်မှာတော့ ကမ္ဘာကြီးဟာ ယိုယွင်း
ပျက်စီးလာလို့ ဘယ်နတ်ဘုရားမှ လူသားမျိုးနွယ်ကိုဆက်ထားချင်စိတ်
မရှိတော့ပါဘူး။ အဲ့မှာတင် မျိုးဖြုတ်ကြမယ်အလုပ် Valkyrie ညီ
အစ်မ(၁၃)ဖော်ထဲက အကြီးဆုံးအစ်မတော် Brunhild က “Ragnarok”
စီးချင်းပွဲကို အဆိုပြုခဲ့ပါတယ်။

“Ragnarok”စီးချင်းပွဲဆိုတာက နတ်ဘုရားတစ်ပါးနဲ့ လူသားတစ်ယောက်
အသေအကြေစီးချင်းတိုက်တဲ့ပွဲပါ။ “Ragnarok”မှာ (၁၃)ချီပါဝင်မှာ
ဖြစ်ပြီး အရင်ဆုံး(၇)ချီနိုင်တဲ့ဘက်က အနိုင်ရမှာပါ။ နတ်ဘုရား၁၃ပါးနဲ့
လူသားမျိုးနွယ်ရဲ့အသန်မာဆုံးလူ(၁၃)ယောက်တို့ စီးချင်းတိုက်ကြရင်း
နောက်ဆုံးအဆုံးသတ်ရလဒ်က ဘယ်လိုဖြစ်လိမ့်မလဲ၊ လူသားမျိုးနွယ်ဟာ
သုတ်သင်ခံရမှာလား၊ ဆက်လက်ရှင်သန်ခွင့်ရရှိမှာလားဆိုတာကို ကြည့်
ရှုရမှာဖြစ်ပါတယ်။

လက်ရှိမှာ Netflix ကနေ Season 2 ခုထွက်ရှိထားပြီး IMDb rating
6.3/10 ရရှိထားပါတယ်။ Japanese voice actor ကောင်းတွေပါဝင်
အားဖြည့်ထားတဲ့အပြင် Battle ကြမ်းကြမ်း၊ ဇာတ်အိမ်ဆန်းဆန်းနဲ့မို့
CM ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။

(ဒီစီးရီးရဲ့ အညွှန်းကို Ngwe Zin မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေး

Every 1000 years, the Gods’ Council assemble to decide the fate of humanity. After 7 million years of human history, the gods come to the decision that humans are irredeemable and must be extinct. However, the valkyrie Brunhild proposes that humanity must have one last chance to prove their worth and the gods agree on holding the battle of Ragnarok, with 13 notable humans from across history against 13 of the most powerful gods engaging in duels to the death, with humanity being spared should their side achieves 7 victories in the competition. To even the odds, each human is granted the assistance of a valkyrie who transforms into a powerful weapon tailored for their combat style called “Volund”, at the risk of losing her life if the user is killed.

Show more...