A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Star Trek: Discovery Trailer
Watch
  • 1
  • 2
  • 3
  • 4
  • 5
  • 6
  • 7
  • 8
  • 9
  • 10
  • 11
  • 12
  • 13
  • 14
  • 1
  • 2
  • 3
  • 4
  • 5
  • 6
  • 7
  • 8
  • 9
  • 10
  • 11
  • 12
  • 13
Movie plot

Star Trek: Discovery – ကျွန်တော်တို့တွေ Strange New World ဇာတ်လမ်းတွဲထဲမှာ ကလင်းဂွန်နဲ့ ဖယ်ဒရေးရှင်းတို့ ဖြစ်ခဲ့တဲ့ စစ်ပွဲအကြောင်းကို ခဏခဏ ကြားခဲ့ရပါတယ်။ ဒီ Discovery ထဲမှာတော့ အဆိုပါစစ်ပွဲကြီး ဘယ်လိုကနေ စဖြစ်လာတာလဲဆိုတာကို ရှုစားရမှာပါ။ အမှန်တော့ SNW ဆိုတာက Discovery ရဲ့ Spinoff ဇာတ်လမ်းတွဲ ဖြစ်ပါတယ်။

ဒီဇာတ်ကားထဲမှာ အများသိတဲ့ မင်းသမီးကြီး Michelle Yeoh နဲ့ ဟယ်ရီပေါ်တာကားထဲက လူးရှပ်မာဖွိုင်သရုပ်ဆောင် Jason Isaacs တို့လည်း ပါဝင်သရုပ်ဆောင်ထားပြီး SNW cast တွေကိုလည်း ရံဖန်ရံခါ တွေ့ရဦးမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းကိုတော့ Star Trek The Original Series မစခင်က အချိန်နဲ့ Prime Timeline ကိုပဲ အခြေခံထားပါတယ်။ ဒါ့အပြင် Star Trek ရဲ့ ဇာတ်လိုက်ကျော်ကြီး မစ္စတာ စပေါ့ခ်မှာ ရှိခဲ့တဲ့ မွေးစားညီမလေးရဲ့ ဘဝဇာတ်ကြောင်းကိုပါ ကြည့်ရှုကြရဦးမှာပါ။

Star Trek ဇာတ်လမ်းတွေရဲ့ ထုံးစံအတိုင်း ယာဉ်ပျံကြီးတွေနဲ့ ယာဉ်ပျံတွေပေါ်မှာ အမှုထမ်းနေကြတဲ့ ယာဉ်သားတွေရဲ့ တစ်ဦးပေါ်တစ်ဦး ကာကွယ်စောင့်ရှောက်ကြပုံတွေ၊ သိပ္ပံစွန့်စားလေ့လာရေးတွေကို မရိုးအီနိုင်အောင်ကို ကြည့်ကြရမယ့် ဇာတ်လမ်းကောင်းတစ်ခု ဖြစ်တာမလို့ Star Trek ပရိတ်သတ်တွေ အကြိုက်တွေ့ကြမှာပါ။ Rating တွေအနေနဲ့လည်း IMDb 7.1/10 နဲ့ RT 85% အထိ ရထားပါတယ်။

Ten years before Kirk, Spock, and the Enterprise, the USS Discovery discovers new worlds and lifeforms as one Starfleet officer learns to understand all things alien.

Show more...