Dragon Ball Daima: ဒီစီးရီးကတော့ ဆရာAkira Toriyamaမကွယ်လွန်ခင် နောက်ဆုံးကိုင်ပေးသွားခဲ့တဲ့ ပရောဂျက်မလို့
မထွက်ခင်ကတည်းက မျှော်နေမိတယ်လို့ပြောရင်လည်းမမှားပါဘူး။
နည်းနည်းသောက်ကြီးသောက်ကျယ်ပြောရရင်တော့ Dragon Ballရဲ့သမိုင်းကြောင်းက အတော်ကိုကြီးပါတယ်။
Animeဆိုတာပေါ်တာကြာပြီဖြစ်ပေမဲ့ တကမ္ဘာလုံးမှာပါ animeတွေလူစသိခဲ့တာက Dragon Ballကြောင့်ပါ။
ပြီးတော့ Dragon Ballဟာ တရုတ်ဂန္ဓဝင်ဝတ္ထု Journey to the west ကို အခြေခံထားတာဖြစ်တဲ့အပြင်
အရမ်းကိုပေါက်သွားခဲ့တာမလို့ တရုတ်ပြည်မကရုပ်ရှင်အဖွဲ့တဖွဲ့ဟာ
ငါတို့ဆီကနေဇာတ်လမ်းယူထားတဲ့ကာတွန်းတောင်ပေါက်နေတာဆိုတော့ ငါတို့လည်းဘာလို့မရိုက်နိုင်ရမှာလဲဆိုပြီး
အာရှမှာအရမ်းပေါက်ခဲ့တဲ့Journey to the west ဂန္ဓဝင်စီးရီးပေါ်လာခဲ့တာပါ။
ဒီစီးရီးရဲ့ဇာတ်လမ်းက အစပဲရှိသေးတော့ အကျဉ်းကိုတိုတိုပဲ ပြောပြပါတော့မယ်။
မိစ္ဆာဘုရင်တပါးပေါ်လာပြီး Gokuတို့ဟာ အန္တရာယ်ပေးနိုင်တဲ့သူတွေအဖြစ်ကြောက်ရွံ့ပြီး
Dragon Ballတွေကိုစုစည်းကာ Gokuတို့ကို အသက်ငယ်သွားအောင်ဆုတောင်းခဲ့ရာကနေ ဒီဇာတ်လမ်းဖြစ်လာတာပါ။
ကျန်တာတော့ တပတ်တခါအသစ်ထွက်မှမျှော်တော့နော်။
Dragon Ball Daima revolves around Goku and his friends, who are turned into children due to a conspiracy. To make things right, they plan to head to a new world. The series is presented as a great Action adventure in an unknown and mysterious place.