A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Prev
Next
Autoplay next episode: On
Light Off
Report
105 view
Server Option:Server HY
Server HY

Doctor Slump: အပိုင်း (၁ မှ ၁၆) စ/ဆုံး

The Heirs ထွက်ပြီး ၁၀ နှစ်အကြာမှာ main lead တွေအဖြစ်

အတူ ပြန်လည် လက်တွဲသရုပ်ဆောင်ဖို့ဖြစ်လာတဲ့ Park Shin Hye နဲ့

Park Hyung Sik တို့ရဲ့ ဒရမ်မာအသစ်လေး ထွက်ရှိလာပါပြီ။

Yeo Jeong-woo (Park Hyung-sik) ဟာဆိုရင် ဘယ်တော့မှ

ပထမနေရာကို လက်လွတ်ဖူးခြင်း မရှိသူပါ။

တစ်နေ့ Jeong-woo ရဲ့ အခန်းထဲကို Nam Ha-neul (Park Shin-hye) ဆိုတဲ့

ကျောင်းသူလေး ကျောင်းပြောင်းလာပါတယ်။

Ha-neul ဟာဆိုရင်လည်း ၁၀၀ ရာခိုင်နှုန်း အောင်မြင်မှုရလဒ်ရရှိဖို့အတွက်

၁၂၀ ရာခိုင်နှုန်း အားထုတ်တတ်တဲ့ စာကြမ်းပိုးမလေးပါ။

တစ်ကျောင်းတည်းမှာ အဆင့်တစ်နှစ်ယောက်ရှိလို့ မရတဲ့အတွက်

သူတို့နှစ်ယောက်က အချင်းချင်း မုန်းတီးပြီး အကြိတ်အနယ် ပြိုင်ဆိုင်တဲ့ ပြိုင်ဘက်တွေ ဖြစ်ခဲ့ကြတာပေါ့။

အဲဒီလိုနဲ့ အထက်တန်းကျောင်းပြီးနောက် ကွဲကွာသွားပြီး ၁၄ နှစ်အကြာမှာ

Jeong-woo နဲ့ Ha-neul တို့ ပြန်လည်ဆုံတွေ့ဖို့ အကြောင်းဖန်လာပါတော့တယ်။

ကိုယ်စီအကြောင်းတရားတွေကြောင့် ဆရာဝန်အလုပ်ကနေ ထွက်လိုက်ရပြီး

ဘဝရဲ့ အဆိုးဆုံးအခြေအနေကို ရောက်နေတဲ့သူတို့နှစ်ယောက်….

အပြန်အလှန် နှစ်သိမ့်ပေးရင်း ရန်သူတွေအဖြစ်ကနေ ချစ်သူ တွေအဖြစ်

ဘယ်လိုပြောင်းလဲသွားမလဲဆိုတာ ကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ဆက်လက်စောင့်ကြည့်ပေးကြပါဦး။

အပတ်စဉ် စနေ၊တနင်္ဂနွေနေ့တိုင်း ပြသသွားမှာဖြစ်ပြီး စုစုပေါင်း ၁၆ ပိုင်း ပါဝင်မှာဖြစ်ပါတယ်။

ဆမ်းဒါရီပြီး တဲ့နောက် ဟာတာတာဖြစ်ကျန်နေခဲ့သူတွေအတွက်

ပေါ့ပေါ့ပါးပါး ကြည့်ရှုလို့ရမဲ့ Rom-Com ဇာတ်ကားကောင်းလေး ဖြစ်လာဦးမှာအမှန်ပါပဲ။

Other parts :
None !
Subscribe
Notify of
guest

0 Comments
Inline Feedbacks
View all comments