A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Prev
Next
Autoplay next episode: On
Light Off
Report
25 view
Server Option:Server HY
Server HY

Constellation: ရှေ့ဆက်ပြီးဘာတွေဖြစ်မလဲဆိုတာကို ခန့်မှန်းရခက်ခက်နဲ့
စီးမျှောကြည့်ရှုလို့ရမယ့် စီးရီးတစ်ခုကို Apple tvကတင်ဆက်

လိုက်ပြန်ပါပြီ။

Si-fi၊ Psychological Thriller အမျိုးအစားဖြစ်နေပြန်တော့

ကြည့်ရှုလို့လည်းကောင်း လိုက်တွေးလို့လည်းကောင်းဦးမယ့်

စီးရီးလေးပါပဲ။

ဇာတ်လမ်းအကြောင်းကိုပြောပြရရင်

ဥရောပအာကာသအေဂျင်စီရဲ့ အာကာသယာဥ်မှူးတစ်ယောက်ဖြစ်တဲ့

ဂျိုဟန်နာအီရစ်ဆွန်ဟာ နိုင်ငံတကာအာကာသစခန်းမှာ

သုတေသနပြုလုပ်နေရင်းနဲ့ မတော်တဆမှုနဲ့ကြုံရပါလေရော…။

ဖြစ်စဥ်ကတော့ အာကာသစခန်းကို ပြင်ပကအရာဝတ္ထုတစ်ခုက

ဝင်တိုက်တာပါ။ ဒီမတော်တဆမှုကြောင့်ပဲ အာကာသစခန်းက

လူတိုင်းဟာ မြေပြင်သို့အရေးပေါ်ပြန်ဆင်းလာခဲ့ရပါတယ်…။

ဒီလောက်နဲ့တင်မပြီးသွားသေးဘဲ ဂျိုဟန်နာနောက်ကို စိုးထိတ်မှုတွေ၊

သံသယတွေ၊ ကြောက်ရွံ့မှုတွေကိုက တောက်လျှောက်လိုက်နေခဲ့ပါတယ်…။

ဘာလို့လဲဆိုတော့ အာကာသစခန်းကို ဝင်တိုက်တဲ့ပြင်ပ

အရာဝတ္ထုဆိုတာ လူတိုင်းမထင်မှတ်ထားတဲ့အရာဖြစ်နေတာရယ်…

ဒီအရာဝတ္ထုက အာကာသစခန်း တကယ်ပဲ ဝင်တိုက်မိတာလားဆိုတာ

ဂျိုဟန်နာကိုယ်တိုင်တောင် ထင်ယောင်မြင်ယောင်ဖြစ်နေတာရယ်…

ဒီလိုမတော်တဆဖြစ်ရတယ်ဆိုတာက အာကာသစခန်းထဲမှာ

ထူးဆန်းတဲ့သုတေသနစမ်းသပ်ချက်ကြောင့်ဖြစ်နေမလားဆိုတာတွေကြောင့်ပါ…။

မည်သို့ပင်ဆိုစေကာမူ ရင်တထိတ်ထိတ်နဲ့ လိုက်ပါစီးမျှောတွေးတောလို့

ကောင်းမယ့် စီးရီးလေးဖြစ်တာမို့ တင်ဆက်ပေးလိုက်ရပါတယ်…။

Other parts :
None !
Subscribe
Notify of
guest

0 Comments
Inline Feedbacks
View all comments