A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Prev
Next
Light Off
Report
69 view
Server Option:Server HYServer HE
Server HYServer HE

Akele Hum Akele Tum: ကျွန်တော်ဒီရုပ်ရှင်ရဲ့ Rating ကိုထည့်မရေးတော့ပါဘူး။
ဘာလို့လဲဆိုတော့ ဒီရုပ်ရှင်က Rating နဲ့ဘယ်လိုမှကိုမလိုက်ဖက်လောက်အောင် ကောင်းလွန်းလို့ပါ။
ကျွန်တော်ကိုယ်တိုင်လည်း ဘာသာပြန်ရင်းနဲ့မျက်ရည်ပါကျတဲ့အထိဖြစ်ခဲ့ရပါတယ်။အိမ်နဲ့ဝေးနေရတဲ့ခံစားချက်၊ ငယ်ဘဝကိုသတိရတဲ့ခံစားချက်၊မပြည့်စုံတဲ့ဘဝမှာနေရတဲ့ခံစားချက်၊ အဖေတစ်ယောက်ရဲ့ မေတ္တာတွေကိုနှလုံးခိုက်လောက်အောင်ပြသွားတဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့အချစ်တော် မင်းသား Aamir Khan ရဲ့သရုပ်ဆောင်ချက်တွေကလည်းအပြစ်ပြောစရာမရှိလောက်အောင်ကိုကောင်းလှပါတယ်။ကြည့်ဖြစ်အောင်ကြည့်လိုက်ပါလို့ တိုက်တွန်းချင်ပါတယ်။———ဇာတ်ညွှန်း=======
ရိုဟစ်ကူမာဆိုတာကတော့ စားသောက်ဆိုင်တစ်ဆိုင်မှာ သီချင်းဆိုနေတဲ့လူလတ်ပိုင်းတက်သစ်စ အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။သူ့ကိုယ်သူတော့ တစ်နေ့မှာအောင်မြင်မှုအကြီးကြီးရနိုင်မယ့်လူတစ်ယောက်လို့လည်းခံယူထားပါတယ်။ ဒါပေမယ့် စီးပွားရေးအခြေအနေက အဆင်ပြေတော့အကြွေးတွေပတ်လည်ဝိုင်းရင်း ဘဝကိုဖြတ်သန်းနေရပါတယ်။ဒါပေမယ့်လည်း ရိုဟစ်က တစ်ယောက်တည်းသမားဆိုတော့သိပ်ပြီးလည်းအပူအပင်မရှိခဲ့ပါဘူး။ကီရန်ဆိုတာကတော့ ပိုက်ဆံရှိမိသားစုတစ်ခုကပေါက်ဖွားလာခဲ့တဲ့ခေတ်လူငယ်ကောင်မလေးတစ်ယောက်ဖြစ်ပါတယ်။သူ(မ) အိမ်က ဂန္တဝင်သီချင်းတွေဆိုခိုင်းပေမယ့်ကီရန်က ခေတ်သီချင်းတွေပဲဆိုချင်ခဲ့ပါတယ်။ဒီလိုနဲ့ ဆိုနူနဲ့နှစ်ယောက်ပေါင်းဖက်ခဲ့ပါတယ်။အိမ်ကတားနေလျက်ကြားထဲကနေ ကီရန်တစ်ယောက်ရိုဟစ်နောက်ကိုကောက်ကောက်ပါအောင်လိုက်သွားခဲ့ပါတယ်။အိမ်ထောင်ရေးရဲ့အသီးအပွင့်ဖြစ်တဲ့ဆိုနူဆိုတဲ့သားလေးတစ်ယောက်ကိုလည်းမွေးခဲ့ပါတယ်။ ပိုက်ဆံမရှိတဲ့ယောကျ်ားတစ်ယောက်ရဲ့ပြဿနာကမိသားစုကိုအချိန်အရမ်းပေးရင် အလုပ်မှာလစ်ဟင်းမယ်။အလုပ်ကိုအရမ်းဦးစားပေးပြန်ရင်လည်း မိသားစုက မျက်နှာကွက်မယ်။ဒီလိုနဲ့နှစ်ယောက်အိမ်ထောင်ရေးကခွာပြဲခဲ့ပြီးဆိုနူလေးကို ရိုဟစ်တစ်ယောာက်တည်း ထိန်းဖို့ဖြစ်လာခဲ့ပါတယ်။ကျန်တာတွေကတော့ဆက်ပြီးခံစားကြည့်လိုက်ကြပါ။ဒီကားကမျက်ရည်ပိုးပိုးပေါက်ပေါက်ကျရမယ့်အချစ်ကားမျိုးမဟုတ်ပဲ ရင်ထဲကလှိုက်ပြီးခံစားရမယ့်ဖခင်မေတ္တာကိုဖော်ကြူးထားတဲ့ကားဖြစ်ပါတယ်။ ရိုဟစ်ကူမာ အဖြစ်မင်းသား Aamir Khanကီရန်အဖြစ် မင်းသမီး Manisha Koiralaတို့ကပါဝင်သရုပ်ဆောင်ထားပါတယ်။

Rohit Kumar (Aamir Khan) is an aspirant playback singer while Kiran (Manisha Koirala) is a classical singer-in-training, but inside aims to be some thing like Rohit. They meet, relate to each other’s sentiments and fall in love. But when Kiran’s parents oppose their marriage, they decide to lead a separate life. However, after their marriage, Kiran’s ambitions take a back seat as she feels suppressed by her household responsibilities and her child to look after. Time fails to abate Kiran’s frustration until she decides to leave Rohit and start a new life all over again. Now a loner, Rohit is forced to look after both his son and his falling career on his own. After some obvious teething troubles, Rohit succeeds in creating a separate world of their own with Sonu, his son. Meanwhile, Kiran incidentally becomes a huge film star. When her attempts to reconcile with Rohit backfire, she decides to call the marriage off and also files a case demanding Sonu’s custody. But Rohit is not giving up without a battle for his rights as a father. Written by B.H.Harsh

Other part:
None
Subscribe
Notify of
guest

0 Comments
Oldest
Newest Most Voted
Inline Feedbacks
View all comments