A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Prev
Next
Autoplay next episode: On
Light Off
Report
70 view
Server Option:Server HY
Server HY

A Gentleman in Moscow : Obi-wan နေရာက သရုပ်ဆောင် အင်္ဂလိပ်မင်းသားကြီး Ewan McGregor ခေါင်းဆောင်ပါဝင်ထားတဲ့
၈ ပိုင်း ပါဝင်တဲ့ မီနီစီးရီးအသစ် ဖြစ်ပါတယ်။ တကယ့်အပြင်မှာ ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်ကြီးပေါ်
မူတည်ပြီး ဇာတ်လမ်းဆင် ရိုက်ကူးထားတာပါ။ ဇာတ်လမ်းအကြောင်း မပြောခင်
ဒီ အဖြစ်အပျက်အကြောင်း အရင်ရှင်းပြချင်ပါတယ်။
၁၉၁၇ ခုနှစ် ရုရှားနိုင်ငံမှာ အောက်တိုဘာတော်လှန်ရေး၊ ဘော်ရှီဗစ်တော်လှန်ရေး စသဖြင့်အမည်တွေနဲ့ လူသိများကြတဲ့
ကွန်မြူနစ် အစိုးရကို ဖြစ်လာစေတဲ့ လူထုတော်လှန်ရေးကြီးတစ်ရပ် ဖြစ်ပွားခဲ့ပါတယ်။ အစာရေဆာတွေ ရှားပါးပြီး
ဆင်းရဲချမ်းသာ ကွာဟမှု အလွန်ကြီးမားနေတဲ့အချိန် လီနင်ဦးဆောင်တဲ့ ကွန်မြူနစ်ပါတီက ပြည်သူနဲ့ စစ်တပ်ပူးပေါင်းပြီး
ဇာဘုရင်အုပ်ချုပ်ရေးကို နန်းချကာ ပထမဆုံး ကွန်မြူနစ်အစိုးရ ဖြစ်လာခဲ့ပါတော့တယ်။

အခု ဒီဇာတ်လမ်းလေးထဲမှာတော့ ဒီတော်လှန်ရေးကြီးအပြီးမှာ ကွန်မြူနစ်ပါတီက အထက်တန်းလွှာ လူကုံထံတွေကို ကွပ်မျက်ဖိနှိပ်သုတ်သင်နေတဲ့အချိန်ပေါ့ဗျာ။ မြို့စားမင်း အလက်ဇန္ဒား (Ewan McGregor) ကလည်း ဒီလို သုတ်သင်ခံရတော့မယ့်အချိန်မှာ ကံကောင်းထောက်မပြီး အသက်ဘေးက လွတ်မြောက်ခဲ့ပါတယ်။ ဒါပေမဲ့ အသက်သာ မသတ်တာပါ သူ့ကို မက်ထရိုပိုဆိုတဲ့ ဟိုတယ်ကြီးတစ်ခုမှာ အကျယ်ချုပ်နဲ့ တစ်သက်တစ်ကျွန်း ပြစ်ဒဏ် ပေးထားတာပါပဲ။ အပြင်ထွက်တာနဲ့ ပစ်သတ်ခံရမှာတဲ့။ ဒီလိုနဲ့ အလက်ဇန္ဒားကြီးတစ်ယောက်
ဒီ အကျယ်ချုပ်ဟိုတယ်ကြီးမှာ နန်းကျဘုရင်တစ်ပါးလို ဖြစ်နေပြီး ဝိုင်းအကျဉ်ခံ စောင့်ကြည့်ခံဆိုပေမဲ့ အခက်အခဲတွေကို
ဘယ်လိုကျော်လွှားပြီး နေထိုင်သွားမလဲဆိုတာကို ကြည့်ရမှာပါ။ မင်းသားကြီး Ewan McGregor ရဲ့ ပိုင်နိုင်တဲ့
သရုပ်ဆောင်မှုတွေကို တစ်ပတ်တစ်ပိုင်း စောင့်ကြည့်သွားရမှာပဲ ဖြစ်ပါတယ်။

Count Alexander Rostov. When, in 1922, he is deemed an unrepentant aristocrat by a Bolshevik tribunal, the count is sentenced to house arrest in the Metropol, a grand hotel across the street from the Kremlin. Rostov, an indomitable man of erudition and wit, has never worked a day in his life, and must now live in an attic room while some of the most tumultuous decades in Russian history are unfolding outside the hotel’s doors. Unexpectedly, his reduced circumstances provide him a doorway into a much larger world of emotional discovery.

Other parts :
None !
Subscribe
Notify of
guest

0 Comments
Inline Feedbacks
View all comments