A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Movie plot

The Thin Red Line (1998)IMDb Rating (7.6) / Rotten Tomatoes (80%)ဒီရုပ်ရှင်ကားကြီးကတော့ သရုပ်ဆောင်ပေါင်းများစွာနဲ့ စစ်ပွဲရဲ့အနိဌာရုံအကြောင်းတွေကို အသေးစိတ်အနုစိတ်ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဂန္တဝင်ရုပ်ရှင်စစ်ကားကြီးဖြစ်ပါတယ်…..ကံဆိုးတာကတော့ တွမ်ဟန့်ရဲ့ Saving Private Pyan (1998) ရုပ်ရှင်ကားနဲ့တစ်နှစ်တည်းထွက်ခဲ့တာကြောင့် အော်စကာဆုတစ်ဆုမှမရခဲ့ဘဲ စကာတင်အဆင့်နဲ့တင်ကျေနပ်ခဲ့ရပြီး အခြားဆုပေးပွဲတွေမှာပဲ Won ခဲ့ရပါတယ်… ဒါပေမယ့် တချို့ဆိုရင် ဒီရုပ်ရှင်ကားကြီးကို Saving Private Pyan ထက် ပိုကြိုက်ခဲ့ကြပြီး အေးအေးလေးလေးခံစားတတ်သူများအဖို့တော့ TTRL က ခံစားစီးဝင်ဖို့ သိပ်ကောင်းတဲ့ရုပ်ရှင်ကားကြီးပါ….ရုပ်ရှင်ပြသချိန်ကလဲ ၃ နာရီလောက် ကြာရှည်ပြီး ကြည့်ရင်းကြည့်ရင်း ကိုယ်ပါရုပ်ရှင်ထဲရောက်ရှိသွားသလို နစ်မြောသွားမှာပါ။TTRL ရဲ့ဇာတ်ကြောင်းကတော့ Saving Private Ryan (1998) နဲ့ Hacksaw Ridge (2016) စတဲ့နာမည်ကြီးစစ်ကားတွေလိုပဲရန်သူရဲ့ အဓိက အခြေချတပ်စွဲထားတဲ့နေရာတွေကို အသက်စွန့်ပြီး ဝင်သိမ်းတာကို အခြေပြုရိုက်ကူးထားပါတယ်…ဒီလိုခြေကုတ်ယူထားတဲ့နေရာဆိုတာနဲ့ ရန်သူက မိမိကို ရာနှုန်းပြည့် ပစ်ကွင်း မြင်ကွင်း အရာအားလုံးကို အသာစီးရနေပါတယ်……ဒါ့ကြောင့် အဲ့ဒီနေရာလေး တစ်နေရာ ရဖို့အရေး အလောင်းတွေ တောင်လိုပုံခဲ့ရတာကို အနိဌာရုံတွေအဖြစ်မြင်တွေ့ကြရမှာပါ….The Thin Red Line(1998) ဟာလည်း ဂျပန်တွေ သိမ်းထားတဲ့ ပစိဖိတ်စစ်မြေပြင်ရှိ Guadalcanal အရပ်က အော်စတန်တောင်ကုန်းကို အမေရိကန်တို့ ပြန်လည်သိမ်းယူတဲ့တိုက်ပွဲကို အဓိကထား ရိုက်ကူးထားတာပါ….အော်စတန်တောင်ကုန်းက ကျယ်တဲ့အပြင် ချိုင့်ဝှမ်းတွေ ချုံတွေ များပြားလွန်းပါတယ်…ဂျပန်တွေဆိုတာကလည်း လာရောက်သိမ်းမယ့်အမေရိကန်တို့ရန်ကို ကြိုသိနေလို့ အခိုင်အမာ ခံစစ်ပြင်ဆင်ထားပါတယ်…ဒီစစ်ကားကိုမကြည့်ခင် ခင်ဗျားဟာယောင်္ကျားလေးတစ်ယောက်ဆိုရင် ကော်ဖီ၊ ဆေးလိပ်၊ ပြာခွက် ၊တစ်ရှူးစတာတွေကိုယူထားပါ…မိန်းကလေးဆိုရင်တော့ဝါးရင်အသံမမည်တဲ့ အစားအစာမျိုး နဲ့ တစ်ရှူးကိုကြိုယူထားပါ…ဘာလို့ဆို ဇာတ်လမ်းစပြီး ၁၅မိနစ်မှာလောက်ကထဲက ဂျပန်တွေ အခြေချထားတဲ့ တောင်ကုန်းကို သွားသိမ်းတဲ့စစ်ကြောင်းနဲ့အတူ ခင်ဗျားဟာ မြောပါသွားလိမ့်မယ်…အမြှောက်ဆံတဝုန်းဝုန်း သေနတ်သံ တဒိုင်းဒိုင်းနဲ့ တကယ့်စစ်ပွဲထဲကို ကိုယ်တိုင်ရောက်နေသလိုမျိုးနဲ့ဘယ်အချိန်များ ကျည်ဆံဖျားမှာ အသက်ပါသွားမလဲ….ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမှာပါ။တစ်ဖက်နဲ့တစ်ဖက်ရန်သူတွေလိုတိုက်နေပေမယ့် ဘာအတွက်တိုက်နေကြတာလဲဆိုတဲ့ ဝိဝါဒတွေနဲ့တင်ဆက်ပုံရော ဇာတ်ကြောင်းရော သရုပ်ဆောင်တွေရော လုံးဝကို ဂန္တဝင်ဖြစ်ခဲ့တဲ့ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Megumi မှ တင်ဆက်ထားပါတယ်။)

In World War II, the outcome of the battle of Guadalcanal will strongly influence the Japanese advance into the Pacific theater. A group of young soldiers are brought in as a relief for the battle-weary Marines. The exhausting fight for a strategically-positioned airfield that allows control over a 1000-mile radius puts the men of the Army rifle company C-for-Charlie through hell. The horrors of war form the soldiers into a tight-knit group; their emotions develop into bonds of love and even family. The reasons for this war get further away as the world for the men gets smaller and smaller until their fighting is for mere survival and the life of the other men with them. Written by Julian Reischl

Show more...