A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Movie plot

The Pumpkin Man: ငယ်ငယ်တုန်းက အပျော်အပျက်သဘောနဲ့သရဲခေါ်တမ်း ကစားဖူးပါသလား ?The Pumpkin 2023 ရုပ်ရှင်မှာတော့ အဲဒီလိုမျိုး
လက်တည့်စမ်းချင်တဲ့ ကလေးတစ်သိုက်ရဲ့ အဖြစ်အပျက်ကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ် ။ခရုမ်းဝဲလ်လို့ ခေါ်တဲ့ မြို့ကလေးမှာ ဖရုံသီးလူသားဆိုတာဟောလိုးဝင်းအချိန်ရောက်တိုင်း နာမည်ကြီးလာနေကျဇာတ်လမ်းတစ်ပုဒ်လည်းဖြစ်သလို မြို့ရဲ့ အတိတ်ဆိုးတစ်ခုလို့လည်း ပြောလို့ရပါတယ် ။ သည်းထိပ်ရင်ဖိုတွေကိုစိတ်ဝင်စားတဲ့ ကတ်သရင်းလို့ ခေါ်တဲ့ ကလေးမလေးဟာသူငယ်ချင်းဖြစ်သူ ဂျန်းနီနဲ့အတူ သရဲအိမ်ဝင်ရင်း ဖရုံသီးလူသားနဲ့ ဆက်စပ်နေတဲ့ စာရွက်ပိုင်းလေးတစ်ခုကိုရှာတွေ့ခဲ့ပါတယ် ။ ကလေးပီပီ စပ်စုချင်စိတ်တွေက ဒီမှာတင်ရပ်တန့်မသွားခဲ့ဘဲ နောက်ဆုံးမှာ ကတ်သရင်း ၊ ဂျန်းနီတို့အပြင် နောက်ထပ် သူငယ်ချင်းနှစ်ယောက် ဖြစ်တဲ့ မိုက်ကယ်နဲ့တီနာကိုပါ အဖော်ညှိပြီး ဖရုံသီးလူသားကို ဆင့်ခေါ်ဖို့ဆုံးဖြတ်လိုက်ကြပါတယ် ။အပျော်သဘောနဲ့ စမ်းကြည့်တဲ့ သူတို့လုပ်ရပ်ကြောင့်တကယ်ပဲ ဖရုံသီးလူသားက ရောက်လာမှာလား ?မကြာခင်မှာပဲ တီနာတစ်ယောက် ပျောက်ချင်းမလှပျောက်သွားရပါတော့တယ် ။ တီနာကို တကယ်ပဲဖရုံသီးလူသားက ခေါ်သွားတာလား ။ ကျန်တဲ့ သူငယ်ချင်းတွေကရော ဖရုံသီးလူသားနဲ့ ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာကိုဟောလိုးဝင်းအငွေ့အသက်တွေ လွှမ်းနေတဲ့ The Pumpkin Manရုပ်ရှင်မှာ အားလုံးအတူတူ ကြည့်ရှုလိုက်ရအောင်နော် ။

Show more...