A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Movie plot

Tantra: နေရာတစ်ခု အရာဝတ္ထုတစ်ခု ဒါမှမဟုတ် လူတစ်ယောက်မှာရှိတဲ့
ကောင်းတဲ့အငွေ့အသက်နဲ့ မကောင်းတဲ့အငွေ့အသက်ဆိုတာရှိပြီး
ဒါကိုလူတိုင်း အနည်းနဲ့အများတော့ ခံစားမိကြတာချည်းပါပဲ။သိပ္ပံနည်းကျခေါ်မယ်ဆိုရင်တော့ auraပေါ့ဗျာ။ ပန်းရောင်စုံနဲ့လှပနေတဲ့ပန်းခင်းကြီးကနေ
အပြုသဘောဆောင်တဲ့auraကိုခံစားမိသလို သင်္ချိုင်းကုန်းရောက်ရင်လည်း creepy aura နဲ့
ကျောချမ်း ကြက်သီးထတတ်ကြတာပါပဲ။အခုဒီကားလေးထဲမှာတော့ တခြားသူတွေထက် ဒီ auraကိုပိုခံစားမိနေတဲ့
ရေခါဆိုတဲ့မိန်းကလေးတစ် ယောက်အကြောင်းပေါ့။
ရေခါဟာ ငယ်စဉ်ကတည်းက မေတ္တာမရရှာတဲ့ ကောင်မလေးတစ် ယောက်၊ မွေးကတည်းက
အမေကလည်းမီးတွင်းမှာဆုံးသွားဝောာ့ အဖေဖြစ်သူကလည်း ဂြိုဟ်ဆိုးမလို့ပဲ သူ့ကိုမြင်နေတာပေါ့။
ရေခါက ညဘက်မှာ အိပ်ရင်းလမ်းလျှောက်တဲ့ရောဂါရှိပါသေးတယ်။မေတ္တာငတ်နေရှာတဲ့ ရေခါလေးကိုမှ ချစ်မိသွားတာကတော့ တေဂျာ၊ တေဂျာဟာလည်း
ပြည့်တန်ဆာသားမလို့ တစ်ရွာလုံးနှိမ်တာခံ နေရတဲ့သူပါ။ ဒီလိုနဲ့ အချစ်ချင်းဖလှယ်ပြီး
ပျော်ရွှင်နေကြရာက ကြမ္မာငင်ပါတော့တယ်။အဲဒါကတော့ ရေခါက ဝိညာဉ်တွေကိုလက်ခံနိုင်တဲ့အစွမ်းရှိနေပြီး သူ့ထဲကို ဝိညာဉ်ဆိုးတစ်ကောင်
ဝင်ရောက်သွားတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမလဲ။ တေဂျာနဲ့ရေခါရဲ့အချစ်ကရော
ဒီနတ်ဆိုးဝိညာဉ်ကို အောင်နိုင်မလားဆိုတာ ရှုစားကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ Alex ~ ToMo ~ V ~ Yunni ဖြစ်ပါတယ်)

Show more...