Epic Sci-fi အမျိုးအစားဖြစ်တဲ့ Star Wars ဇာတ်လမ်းတွေကို စုစည်းတင်ဆက်ပေးထားပါတယ်။ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တွေထဲမှာ သမိုင်းတလျှောက်အအောင်မြင်ဆုံး ရုပ်ရှင်တွဲတွေထဲက တစ်ခုပါပဲ။ နောက်ပိုင်းထွက်သမျှ ရုပ်ရှင်တွေထဲမှာလည်း ဒီရုပ်ရှင်တွေထဲက စကားစုတွေ ကိုးကားချက်တွေကို မကြာခဏတွေ့ရတတ်ပါတယ်။ ပညာရှိ ဆရာဆိုရင် Master Yoda ကိုအမြဲတင်စားကြသလို ဗီလိန်ဆိုရင်လည်း Darth Vader ဟာ ပြောစမှတ်တွင်ကျန်ခဲ့တာပါပဲ။
ဇာတ်လမ်းကတော့ ဟိုးအတိတ်ကာလတစ်ခုတုန်းက ဝေးကွာလှတဲ့ နဂါးငွေ့တန်းကြယ်စုတွေကြားထဲမှာ ဖြစ်ပျက်နေတဲ့အကြောင်းတွေပါ။ အစဦးမှာ ကြယ်စုတွေ ဂြိုလ်တွေဟာ လွှတ်တော်ဖွဲ့စည်းထားပြီး ဒီမိုကရေစီ စနစ်နဲ့ အုပ်ချုပ်မှုအောက်မှ နေထိုင်ကြပါတယ်။ လွှတ်တော်နဲ့အတူ ဂလက်ဆီကြီးတစ်ခုလုံးရဲ့ တရားမျှတမှုနဲ့ ငြိမ်းချမ်းမှုကို ထိန်းသိမ်းပေးတဲ့ သူရဲကောင်းအဖွဲ့တစ်ခုလည်း ရှိနေပါတယ်။ အဲဒီသူတွေကိုတော့ Jedi တွေလို့ ခေါ်ကြပြီး သူတို့မှာ Lightsaber ဆိုတဲ့ အလင်းဓားလက်နက်တွေ ပိုင်ဆိုင်ကြပါတယ်။ ဒါ့အပြင် သူတို့ကို သာမန်လူတွေထဲ ထူးခြားတဲ့ စိတ်စွမ်းအင်တွေနဲ့ ခွန်အားတွေကို Force ဆိုတဲ့ အရာကနေ ယူငင်သုံးစွဲကြပါတယ်။ Force ဆိုတာကတော့ သက်ရှိသက်မဲ့တွေ အားလုံး အတွင်းထဲ အပြင်ထဲမှာ ဝိုင်းရံနေတဲ့ စွမ်းအင်တစ်မျိုးဖြစ်ပြီး Jedi တွေသာ ခံစားနိုင် သုံးစွဲနိုင်ကြပါတယ်။ အဲဒီ Jedi တွေရဲ့ လုံးဝဆန့်ကျင်ဖက်လမ်းစဉ်ကို လိုက်တဲ့သူတွေကိုတော့ Sith တွေလို့ခေါ်ပြီး သူတို့က ဒေါသနဲ့အမုန်းတွေကို အခြေခံတဲ့ အမှောင်ခြမ်းစွမ်းအင် Dark Side of the Force ကို သုံးစွဲကြပါတယ်။ ဒီ star wars ရုပ်ရှင်တွေအတွင်းမှာ Jedi နဲ့ sith တွေရဲ့ အပြန်အလှန်အားပြိုင်မှုတွေ တော်လှန်ရေးအဖွဲ့တွေနဲ့ အင်ပါယာတပ်တွေရဲ့ တိုက်ပွဲတွေအကြောင်းတွေ ခံစားကြည့်ရှုနိုင်ပါလိမ့်မယ်။စတားဝါးရုပ်ရှင်တွေကို ထုတ်လုပ်ခဲ့တဲ့ခုနှစ်အတိုင်း အစဉ်လိုက်ကြည့်ရှုမယ်ဆိုရင်အောက်ပါအတိုင်းကြည့်ရှုလို့ရပါတယ်။1. Star Wars IV : A New Hope (1977)
2. Star Wars V : The Empire strikes back (1980)
3. Star Wars VI : Return of the Jedi (1983)
4. Star Wars I : Phantom Menace (1999)
5. Star Wars II : Attack of The Clones (2002)
6. Star Wars III : Revenge of The Sith (2005)
7. Star Wars VII: The Force Awakens (2015)
8. Rogue One : A Star Wars Story (2016)
9. Star Wars VIII : The Return of the Jedi (2017)
10. Solo : A Star Wars Story (2018)
11. Star Wars IX : The Rise of the Skywalker (2019)
တကယ်လို့ Star Wars Timeline အတိုင်းကြည့်မယ်ဆိုရင်တော့ အောက်ပါအတိုင်းကြည့်ရှုလို့ရပါတယ်။1. Star Wars I : Phantom Menace (1999)
2. Star Wars II : Attack of The Clones (2002)
3. Star Wars III : Revenge of The Sith (2005)
4. Solo : A Star Wars Story (2018)
5. Rogue One : A Star Wars Story (2016)
6. Star Wars IV : A New Hope (1977)
7. Star Wars V : The Empire strikes back (1980)
8. Star Wars VI : Return of the Jedi (1983)
9. Star Wars VII: The Force Awakens (2015)
10. Star Wars VIII : The Return of the Jedi (2017)
11. Star Wars IX : The Rise of the Skywalker (2019)
Star Wars: Episode VI – Return of the Jedi (1983)ဒီဇာတ်ကားဟာ မူလ စတားဝါးစ် ၃ ကားတွဲရဲ့ နောက်ဆုံးကားပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ ဟန်ဆိုလို ကို တက်တူးအင်းမှာ ဂျားဗားသယ်ဟက်က ဖမ်းထားတာကို လုခ် စကိုင်းဝေါ်ကာက လိုက်ကယ်တင်ဖို့ကြိုးစားနေချိန်….အင်ပါယာနဲ့ ဒါ့သ်ဗိတ်ဒါတို့က မူလဖျက်စီးခံလိုက်ရတဲ့ သေမင်းကြယ်ထက် ပိုအစွမ်းထက်တဲ့ စစ်စခန်းအသစ်ကို တည်ဆောက်နေချိန်ပါပဲ…. လုခ် စကိုင်းဝေါ်ကာ ဟာ ဒါ့သ်ဗိတ်ဒါနဲ့ အင်ပါယာတို့ကို ရင်ဆိုင်ရတော့မှာ ဖြစ်ပြီး တော်လှန်ရေးတပ်တွေဟာလည်း အင်ပါယာတပ်တွေနဲ့ သေမင်းကြယ်ကို အချိန်မှီဖျက်ဆီးဖို့ အင်အားကုန် တိုက်ခိုက်ကြတဲ့အခါ….
Star Wars: Episode VI – Return of the Jedi
1983 131 min
Country: United States
Director: Richard Marquand
Actors: Anthony Daniels…Billy Dee WilliamsCarrie FisherFrank OzHarrison FordIan McDiarmidJames Earl Jones…Mark HamillPeter MayhewSebastian Shaw
Movie plot
Show more...