A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Movie plot

Precious Cargo: ဒီတစ်ခါမှာတော့ ကြည့်ရှုသူချစ်ပရိတ်သတ်ကြီးကို
၂၀၁၆ကထွက်ရှိခဲ့တဲ့ Precious Cargo ဆိုတဲ့ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဒီဇာတ်ကားကို ဒါရိုက်တာ Max Adams
ကရိုက်ကူးပုံဖော်ထားပြီး နာမည်ကြီးမင်းသားတွေဖြစ်တဲ့Bruce Willis ,Mark-Paul Gosselaar နဲ့ မင်းသမီးClaire Forlani ,Logan တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းအစမှာ ဂျက်ခ်အဖြစ်သရုပ်ဆောင်ထားတဲ့မင်းသား Mark-Paul Gosselaar တို့အဖွဲ့ လက်နက်အလှယ်အလဲလုပ်ရာကနေ အပြန်အလှန်ပစ်ခတ်ကြပုံနဲ့ စတင်ထားပါတယ် အဲ့နောက် ရုတ်တရက် ဂျက်ခ်ရဲ့ရည်းစားဟောင်းဖြစ်တဲ့ ကာရန်ဆိုတဲ့ အမျိုးသမီးတစ်ယောက်က အက်ဒီလိုခေါ်တဲ့ တကယ့် လူဆိုးဂိုဏ်းခေါင်းဆောင်နဲ့ ပတ်သက်မိပါတယ် တည်ငြိမ်အေးချမ်းနေတဲ့ ဂျက်ခ်တို့ရဲ့အဖွဲ့လေးဆီကိုကာရန်တစ်ယောက်ရောက်လာတဲ့အချိန်မှာ သူနဲ့အတူမုန်တိုင်းကိုပါ တစ်ပါတည်းခေါ်ဆောင်လာခဲ့ပါတယ် အကြောင်းကကာရန်က အက်ဒီလို့ခေါ်တဲ့သူခိုးဓားပြဂိုဏ်းခေါင်းဆောင်ကိုအကြွေးပေးစရာသန်းချီရှိနေပါတယ် အဲ့နောက်ကိုယ်ဝန်ရှိချင်ယောင်ဆောင်ထားတဲ့ ကာရန်တစ်ယောက် ကလေးကိုဗန်းပြပြီး စီအိုင်အေရဲ့ ဒေါ်လာသန်းချီတန်တဲ့ စိန်တွေကိုခိုးယူဖို့ ဂျက်ခ်တို့အဖွဲ့ကိုအကူအညီတောင်းပါတယ်ခိုးမယ့်အဖွဲ့ကဂျက်ခ်တို့ အပြင် တကယ့်နာမည်ကျော်အက်ဒီတို့ကပါ ဒီစိန်တွေကို အပြိုင်အဆိုင်ရယူဖို့ကြိုးစားကြပါတယ် အဲ့ဒီနောက် ဂျက်ခ်တို့ရဲ့သူခိုးဆီကနေသူဝှက်ပြန်လုမယ့်အစီအစဉ်ကရော ဘာတွေဆက်ဖြစ်ကြမလဲကာရန်ဗိုက်ထဲက ကလေးကရောဘယ်သူ့ကလေးဖြစ်မလဲဂျက်ခ်တို့ကရော ဒီစိန်တွေကို အက်ဒီနှောင့်ယှက်နေတဲ့ကြားထဲနေ အောင်အောင်မြင်မြင်ခိုးထုတ်နိုင်ပါ့မလားဆိုတာကိုဒီဇာတ်ကားလေးထဲမှာ ပရိတ်သတ်ကြီးကိုယ်တိုင်လိုက်ပါစီးမျောကြည့်လိုက်ပါဦးဒီဇာတ်ကားက Action, Comedy & Thriller အမျိုးအစားကိုမှ ကြည့်ရှုရတာ ကြိုက်နှစ်သက်ပါတယ်ဆိုတဲ့ ပရိတ်သတ်တွေမလွတ်စတမ်း ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်

After a botched heist, Eddie (Bruce Willis), a murderous crime boss, hunts down the seductive thief Karen (Claire Forlani) who failed him. In order to win back Eddie’s trust, Karen recruits her ex-lover and premier thief Jack (Mark-Paul Gosselaar) to steal a cargo of rare precious gems. But when the job goes down, allegiances are betrayed and lines are crossed as Jack, Karen, and Eddie face off in a fateful showdown. Lionsgate Premiere will release the action thriller in theaters and on demand on April 22, 2016. Written by Lionsgate Premiere

Show more...