အဖွဲ့ ဝင်ပါ။ Telegram HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Movie plot

Petites mains: ယခုအခါတင်ဆက်ပေးလိုက်ဝာာကတော့ ၂၀၂၄ ခုနှစ်ထွက် ပြင်သစ်ရုပ်ရှင်ဇာတ်ကားလေးပဲဖြစ်ပါတယ်… ဒီဇာတ်ကား‌လေးမှာ ဟိုတယ်တစ်ခုရဲ့သန့်ရှင်းရေးဝန်ထမ်းတွေ သူတို့ရဲ့နင်းပြားဘဝတွေကိုသရုပ်ဖော်ထားပါတယ်… Eva လို့ခေါ်တဲ့အသက် ၂၀ အရွယ်မိဘမဲ့ကောင်မလေးတစ်ယောက်ဟာ ဇိမ်ခံ‌ဟိုတယ်ကြီးတစ်ခုမှာ အခန်းသန့်ရှင်းရေးဝန်ထမ်းလုပ်ဖို့ရောက်လာခဲ့ပါတယ်…သူမဟိုတယ်ရှေ့ရောက်တော့ ဟိုတယ်ရှေ့မှာဆန္ဒပြနေကြတဲ့လူတစ်စုကိုတွေ့ရှိခဲ့ပါတယ်….ဒီဆန္ဒပြနေတဲ့လူတွေကတော့ အခန်းသန့်ရှင်းရေးဝန်ထမ်းတွေပဲဖြစ်ပြီး အဖိနှိပ်ခံရလွန်းလို့ဆန္ဒပြနေကြတာပဲဖြစ်ပါတယ်…ဒီလိုနဲ့သူမလည်းအခြားသန့်ရှင်းရေးဝန်ထမ်းတွေဖြစ်တဲ့ Simone ,Safietou, Aissata နဲ့ Violette တို့နဲ့ရင်းနှီးလာပြီးတော့ ပင်ပင်ပန်းပန်းလုပ်ရပေမဲ့ အသိအမှတ်ပြုမခံရတာ‌တွေ ခေါင်းပုံဖြတ်ခံရတာတွေကိုသိလာပါတယ်…နောက်ပြီး Eva တို့သန့်ရှင်းရေးဝန်ထမ်းတွေဟာ ဟိုတယ်ကတိုက်ရိုက်ခန့်အပ်ထားတဲ့လခစားဝန်ထမ်းတွေမဟုတ်ပဲ တဆင့်ခံကုမ္ပဏီကတဆင့်ပြန်ခန့်အပ်ထားတာဖြစ်တဲ့အတွက် ငွေပေးနှုန်းကလည်းအရမ်းကိုနည်းနေပါတယ်…
လအလိုက်ပေးတာမဟုတ်ပဲ အခန်းအလိုက်ပေးတာမို့လို့ပါ….တဆင့်ခံဝန်ထမ်းတွေဖြစ်တဲ့အတွက် ပုံမှန်ဝန်ထမ်းတွေလိုခံစားခွင့်တွေမရကြပါဘူး….နေမကောင်းရင်တောင်ခွင့်ယူလို့မရဘူး…ခွင့်ယူလိုက်တဲ့ရက်ဟာပိုက်ဆံမရတော့ဘူး…အခြားဝန်ထမ်းတွေကညစာစားပွဲမှာစားသောက်နေကြချိန်မှာ သူတို့ကတော့သန့်ရှင်းရေးလုပ်ဖို့ထိုင်စောင့်နေကြရတယ်….ဒီလိုနဲ့ဖိနှိပ်မှုတွေ၊အဆင်မပြေမှုတွေကြားမှာ Eva ရဲ့မိတ်ဆွေတွေလည်းတဖြေးဖြေးနဲ့ဆန္ဒပြပွဲထဲပါလာခဲ့ပါတယ်….အဲ့ဒီတော့ဘယ်လိုဆက်ဖြစ်သွားမလဲ…Eva ရောဆန္ဒပြပွဲထဲပါလာမလား…သူတို့ရဲ့ဆန္ဒပြပွဲကရောအောင်မြင်သွားမလားဆိုတာကိုတော့ဆက်လက်ကြည့်ရှူကြပါခင်ဗျာ….
Nothing had prepared Eva for the demands of a large hotel. When she joined the team of chambermaids, she met colleagues with strong personalities: Safietou, Aissata, Violette and Simone.Between laughter and hard knocks, the young woman discovers a close-knit team united in the face of adversity. When a social movement disrupts life at the palace, each of these “little hands” is faced with their own choices. Written by Jakkepoes

Show more...