A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Movie plot

Seize Them! : 2024 ခုနှစ်ထွက် အသစ်စက်စက် ဇာတ်ကားကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ ကျွန်တော်တို့လို ခေတ်ဟောင်း မင်းညီမင်းသား ဘုရင်တွေအုပ်စိုးတဲ့ခေတ်ကို နောက်ခံထားပြီး ကြိုက်တတ်တဲ့လူတွေ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်သင့်တဲ့ ဇာတ်ကောင်းကောင်းလေးတစ်ကား ဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်းကိုပြောရမယ်ဆိုရင်
ဒေဂန်ဆိုတဲ့ ဘုရင်မငယ်ငယ်လေးတစ်ယောက်ရှိပါတယ်။ တစ်ဦးတည်းသောသမီးဖြစ်ပြီး တိုင်းရေးပြည်ရေးလေး ဘာမှသေချာမသိတဲ့ မိန်းမငယ်လေးတစ်ယောက်ဖြစ်တာနဲ့အညီ ထုတ်ထားတဲ့ ဥပဒေတွေဟာလည်း ပြည်သူတွေကိုအတော်လေးအကြပ်ရိုက်နေစေခဲ့တာပါ။အဲဒီအချိန်မှာပဲ ကြောင်သူတော်လုပ်ပြီး ပြည်သူတွေကိုကယ်တင်ဖို့ တော်လှန်တာပါဆိုပြီး ဟမ်းဘဲဂျုန်းဆိုတဲ့ အမျိုးသမီးက ဦးဆောင်ပြီးတော်လှန်တာ အောင်မြင်သွားခဲ့ပါတယ်။ ဆိုတော့ ထီးနန်းကျပြီး သတ်မှာစိုးလို့ ထွက်ပြေးသွားတဲ့ ဘုရင်မဒေဂန်ဟာ သူ့ကိုကယ်တင်ပေးမယ်ဆိုတဲ့ အိမ်နီးချင်းဘုရင် ၂ပါးဆီအကူညီတောင်းဖို့ မိုင်တစ်ရာ့လေးဆယ်ရှိတဲ့ ခရီးကို ကုန်းကြောင်းလျှောက်သွားပြီး စွန့်စားခန်းဖွင့်ပါတော့တယ်။အဲဒီတော့ ဘယ်သူတွေက သူ့ကိုကူညီပေးမှာလဲ ဘယ်လိုလူတွေနဲ့တွေ့ပြီး ဘယ်လိုတွေဆက်ဖြစ်မှာလဲ။ သူ့ရဲ့ထီးနန်းရော ပြန်ရမှာလားဆိုတာကိုတော့ ဒီဇာတ်ကားလေးကို ဒေါင်းလုပ်ဆွဲပြီးကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်ခင်ဗျာ။

Dark Ages Britain where Queen Dagan is toppled by a revolution led by Humble Joan. The Queen becomes a fugitive in her own land, and must face hardship and danger as she embarks on a voyage to win back her throne.

Show more...