Movie plot

Mother’s Day : ဒီတစ်ခါမှာတော့ ကြည့်ရှုသူပရိတ်သတ်ကြီးကို
၂၀၁၀ ကထွက်ရှိထားတဲ့ Mother ‘s Day ဆိုတဲ့ဇာတ်ကား ကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်. ဒီဇာတ်ကားကို ဒါရိုက်တာ Darren Lynn
Bousman ကရိုက်ကူးပုံဖော်ထားပြီး rating 6.2/10 အထိရရှိထားပါတယ်..ဒီဇာတ်ကားမှာ မင်းသား Shawn Ashmore , PartrickJohn Flueger , Warren Kole စတဲ့နာမည်ကြီးမင်းသားတွေနဲ့ မင်းသမီး Rebecca De Mornay , Jaime Kingစတဲ့နာမည်ကြီးအနုပညာရှင်များစွာ ပါဝင် သရုပ်ဆောင်ထားတဲ့ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်..ဇာတ်လမ်းအစက ဆေးရုံတစ်ခုမှာ မိန်းမကြီးတစ်ယောက်ကလေးလိုက်ခိုးနေပုံနဲ့ စတင်ထားပါတယ် ဒီလိုနဲ့ နောက်ထပ်နှစ်ပေါင်းများစွာ ကြာပြီးတဲ့ တစ်ညမှာတော့ လူသုံးယောက်ဘဏ်ကိုဓားပြတိုက်မှုနဲ့ ထွက်ပြေးနေရပါတယ် သူတို့ကတော့ အိုက်, အက်ဒ်လေ နဲ့ ဂျွန်နီတို့ ညီအစ်ကိုသုံးယောက်ပဲဖြစ်ပါတယ် သူတို့ရဲ့ညီအငယ်ဆုံးလေးဖြစ်တဲ့ ဂျွန်နီကလည်းဘဏ်ဓားပြ တိုက်မှုအတွင်းမှာ သေနတ်နဲ့အပစ်ခံထားရပါတယ်ဒီကြားထဲ သူတို့ရဲ့လုပ်ဖော်ကိုင်ဖက်က သစ္စာဖောက်သွားတာကိုခံလိုက်ရပြီး တိုက်ရာပါပစ္စည်းတွေ ပိုက်ဆံတွေအားလုံးကလည်းပါသွားပြန်ပါတယ် ဖွတ်မရဓားမ ဆုံးဖြစ်နေတဲ့ ညီအစ်ကိုသုံးယောက်လည်း နောက်ဆုံးသူတို့ငယ်ငယ်ကနေခဲ့တဲ့ အိမ်ကိုသာပြန်လာခဲ့ကြပါတော့တယ် ဖြစ်ချင်တော့ သူတို့တွေအိမ်ကထွက်သွားတဲ့အချိန်အတောအတွင်းမှာ သူတို့ရဲ့အမေကဒီအိမ်ကို အကြွေးနဲ့ အသိမ်းခံလိုက်ရတာကို မသိကြပါဘူးတိုက်တိုက်ဆိုင်ဆိုင်ပဲ သူတို့တွေ ရောက်လာတဲ့ညမှာ အိမ်ပိုင်ရှင်အသစ်တွေဖြစ်တဲ့ ဒန်နီရယ်ရဲ့ မွေးနေ့ပွဲကျင်းပနေချိန်နဲ့သွားပြီးတိုက်ဆိုင် နေပါတယ် ဒီလိုနဲ့ညီအစ်ကိုသုံးယောက်လည်းမထူးဇာတ်ခင်းပြီး တစ်ခါတည်းပြန်ပေးဆွဲ အနုကြမ်းစီးလိုက်ပါတော့တယ် အပြင်မှာလည်း လေဆင်နှာမောင်းတိုက်ခတ်နေတဲ့အချိန်ဖြစ်နေတော့ ပတ်ဝန်းကျင်ကလည်း လူသူမရှိကင်းမဲ့နေပြန်ပါတယ် ဒန်နီရယ်တို့ သူငယ်ချင်းရှစ်ယောက်ကရောညီအစ်ကိုသုံးယောက်ရဲ့လက်ကနေ လွတ်မြောက်သွားနိုင်ပါ့မလားအဲ့ဒီနောက်သူတို့ရဲ့ မွေးစားအမေဆိုတဲ့သူ ရောက်ရှိလာတဲ့အခါမှာကော ဘယ်လိုတွေဆက်ဖြစ်ကြမလဲ…ဒီဇာတ်ကားမှာ သူတို့ရဲ့မွေးစားအမေဖြစ်တဲ့ မင်းသမီးRebecca De Mornay ရဲ့သွေးအေးအေးနဲ့ပီပြင်စွာသရုပ်ဆောင်ထားပုံတွေကို တွေ့မြင်ခံစားရမှာဖြစ်ပါတယ်ဒီဇာတ်ကားက ကြည့်ရှုသူပရိတ်သတ်ကို ဇာတ်လမ်းအစအလယ်အဆုံးဆွဲခေါ်သွားနိုင်မယ့် ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်.ဒီဇာတ်ကားက Drama , Horror & Thriller အမျိုးအစားကိုမှကြည့်ရှုရတာ ကြိုက်နှစ်သက်ပါတယ်ဆိုတဲ့ ပရိတ်သတ်တွေလက်မလွတ်စတမ်းကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်……

Three brothers on the run from the law head for home, only to discover that their mother lost the house in a foreclosure. Mother ingeniously orchestrates her sons’ escape, teaching the house’s new owners and their guests a few lessons along the way. Written by Bloody Discusting.com

Show more...