A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Mischievous Kiss the Movie Part 1: High School
Watch

Mischievous Kiss the Movie Part 1: High School

Itazurana Kiss Part 1: High School Hen

103 min

Country: Japan

Director: Minoru Mizoguchi

Actors: Atsuki TomoriHidehiko IshizukaHikari IshidaKanta SatôMasaharu TsurukuNonoka YamaguchiReina VisaShimon OhkuraTakanori JinnaiTakuya Ide…

Genres: Comedy, Drama, Romance

0/ 5 0 votes
Movie plot

Mischievous Kiss the Movie Part 1: High School – 1990 ခုနှစ် June လကနေ 1999ခုနှစ် March လအထိကိုးနှစ်တာ Margaret မဂ္ဂဇင်းမှာ ထည့်သွင်းရေးသားတင်ဆက်ခဲ့တဲ့Mangaစာရေးဆရာ Kaoru Tada ရဲ့ Mangaအပေါ်အခြေခံရိုက်ကူးထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ စာညံ့တဲ့အထက်တန်းကျောင်းသူတစ်ယောက်ဖြစ်တဲ့ အာအိဟာရာခိုတိုခိုကကျောင်းရဲ့ထိပ်တန်းကျောင်းသား အီရိအဲနာအိုခိကိုပထမဆုံးတွေ့ခဲ့တဲ့အချိန်၊ ပထမနှစ်ကျောင်းဝင်ခွင့်အခမ်းအနားမှာပဲစတင်ချစ်မိခဲ့ပါတယ်။ ဒီလိုနဲ့ သူ့အချစ်ကိုဖွင့်မပြောဘဲနေလာခဲ့တာ အခုဆို တတိယနှစ်တောင်ရောက်ခဲ့ပါပြီ။တတိယနှစ်ပထမဆုံးနေ့မှာပဲ ခိုတိုခိုတစ်ယောက် သူ့အချစ်တွေကိုဝန်ခံဖို့အတွက်ဆုံးဖြတ်ပြီး အီရိအဲကိုစာပေးခဲ့ပါတယ်။ဒါပေမဲ့ အီရိအဲကတော့ စာကိုယူတောင်မယူဘဲ စာညံ့တဲ့မိန်းကလေးတွေကိုစိတ်မဝင်စားဘူးလို့ပြောပြီး တစ်ကျောင်းလုံး‌အရှေ့မှာ ငြင်းလိုက်ပါတော့တယ်။တစ်ရက်မှာတော့ ခိုတိုခိုတို့က အိမ်အသစ်ကိုပြောင်းပြီးပစ္စည်းတွေနေရာချတုန်းမှာပဲ ဆောက်လုပ်ရေးအဖွဲ့ရဲ့အမှားကြောင့်အိမ်ပြိုကျပြီး သတင်းမှာပါ ပါလာခဲ့တဲ့အတွက် ခိုတိုခိုတစ်ယောက်အရှက်ပေါ်အရှက်ဆင့်နေပါတယ်။ခိုတိုခိုကိုကြိုက်နေတဲ့ ကင်းနိုဆကဲဆိုတဲ့ကောင်လေးကအီရိအဲကိုရန်သွားရှာတဲ့အခါမှာတော့ အီရိအဲကအလှူငွေထည့်ရင်ရပြီမလားလို့ပြောပြီး ပိုက်ဆံနဲ့ဖြေရှင်းဖို့လုပ်ပါတော့တယ်။ဒါကို ခိုတိုခိုက အီရိအဲကို သေတောင် နင့်အပေါ်မှာတော့ကျေးဇူးကြွေးအတင်မခံနိုင်ဘူးလို့ပြောခဲ့ပါတယ်။ဒီလိုနဲ့ ခိုတိုခိုရဲ့အဖေက သူ့ရဲ့ငယ်သူငယ်ချင်းတစ်ယောက်ရဲ့အိမ်မှာသွားနေရမယ်လို့ပြောပြီး အဲဒီအိမ်ကိုရောက်သွားတဲ့အခါမှာတော့အီရိအဲရဲ့အိမ်ဖြစ်နေပါတယ်။ ခိုတိုခိုတစ်ယောက် အီရိအဲနဲ့ တစ်အိမ်တည်း တစ်ကျောင်းတည်းနေရင်းအီရိအဲကိုမေ့ပစ်နိုင်ပါ့မလား၊ အီရိအဲဘက်က ဘယ်လိုတွေဆက်ဆံဦးမလဲ၊ အီရိအဲတို့အိမ်မှာရောခိုတိုခိုတို့ အဆင်ပြေပါ့မလား စတာတွေကိုဇာတ်လမ်းထဲမှာ ကြည့်ရှုခံစားလိုက်ကြရအောင်

Show more...